ဖားကန့်မြို့တွင် အသစ်ပြောင်းလာသည့် လဝက ဒုဦးစီးမှူး ပစ်ခတ်ခံရ၍ သေဆုံး

By ကချင်လေး (မဇ္ဈိမ)
13 March 2023
ဖားကန့်မြို့တွင် အသစ်ပြောင်းလာသည့် လဝက ဒုဦးစီးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက ပြောင်းလာသည့် မြို့နယ် လ.ဝ.က ဒုဦးစီးမှူးအသစ်ဆိုသူ ဝန်ထမ်းအိမ်ယာရှိ နေအိမ်အတွင်း၌ ယမန်နေ့က ပစ်ခတ်ခံရ၍ သေဆုံးသွားသည် ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့၊ ကြက်တစ်ကောင်ကုန်းရပ်ကွက်၊ ဖားကန့်ရဲစခန်းအနောက်ဘက် ဝန်ထမ်းအိမ်ယာတန်းလျား ရှိ နေအိမ်အတွင်းရှိနေစဥ် မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“မနေ့က  ရုံးပိတ်ရက်မို့လို့ အဲဒီ ဒုဦးစီးမှူးက အိမ်မှာရှိနေတဲ့ချိန် ဝင်ပစ်သွားတယ်လို့ ပြောကြတယ်။ နေရာ မှာပဲ ပွဲချင်းပြီး သေသွားတယ်။ သူက ပြောင်းလာတာမှသိပ်မကြာသေးဘူး” ဟု အမည်မဖော်လိုသည့် ဝန်ထမ်းသတင်းရင်းမြစ်က ပြောသည်။ 

ပစ်သတ်ခံရသည့် လဝက ဒုဦးစီးမှူးသည် အသက်(၅၂)နှစ်ခန့်အရွယ် ဦးမြင့်လွင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် နှစ်ချက်အပစ်ခံရသည့် ဒဏ်ရာဖြင့် နေအိမ်အတွင်း၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရှိရသေးပေ။
အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်တွင်  စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်ထိန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly