မုံရွာ GTC တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ပစ်ခတ်ခံရသဖြင့် ၅ ဦး သေဆုံးဟုဆို

By ပါခွီး (မဇ္စျိမ)
13 March 2023
မုံရွာ GTC တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ပစ်ခတ်ခံရသဖြင့် ၅ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြေနဲကျေးရွာ၊ မိုးညှင်းသံဗုဒ္ဓေဘုရားအနီးရှိ GTC တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း Area71 PDF (Monywa)  က ထုတ်ပြန်သည်။

ယနေ့ မတ်လ ၁၃ ရက် နံနက် ၁၁ နာရီအချိန်တွင် ကျောင်းပေါက်ဝ၌ ကင်းချထားသော စစ်ကောင်စီ တပ်ဖွဲ့ကို အိမ်စီးကားပေါ်မှနေ၍ ညီနောင်ငါးဖွဲ့က မောင်းပြန်လေးလက်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

“လမ်းပေါ်ကနေ ဂိတ်နဲ့ဆို ပေ ၅၀ အတွင်းလောက်ပဲရှိမှာ၊ ကျနော်တို့ အနီးကပ် ပစ်ခတ်ခဲ့တာပါ” ဟု Area71 PDF - (Monywa) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကင်းစောင့်နေသောစစ်ကောင်စီတပ်သားများမှာ ပြန်လည်ပစ်ခတ်ချိန်မရဘဲ ငါးဦးမှာနေရာတွင်ပင် သေ ဆုံးသွားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် အင်အား  ၂၀ ဝန်းကျင်ဖြင့် အဆိုပါကျောင်းတွင်တပ်စွဲထားပြီး လမ်းသွားလမ်းလာ များအားစစ်ဆေး၍ အဓမ္မငွေတောင်းခံခြင်း၊ စစ်ကြောင်းထိုးရာတွင် လိုက်ပါခြင်းများပြုလုပ်ကြောင်း သိရ သည်။

ယင်းသို့ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ သံပြား ကာထားသည့်ကားနှစ်စီး စစ်ကောင်စီတပ်သားအင်အားအပြည့်ဖြင့် မုံရွာမြို့တောင်ဘက်သို့ ထွက်လာ ကြောင်း သတင်းရသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံသည့်နေရာသို့ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို Area71PDF (Monywa) ၊ One Local People Defence Force ၊  Burma Independence Army ၊ Ronin Thirteen People's Force ၊ Youth Revolation Attack Force ၊ Monywa People's Liberation Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်ကလည်း မုံရွာမြို့မှ မန္တလေးဘက်သို့ ကြေးနီများ သယ်ဆောင်လာသော ယာဉ်တန်းနှင့် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်များကို မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ခုနစ်လုံးဖြင့် Area 71 PDF နှင့်အတူ Ronin Thirteen People’s Force ၊ Youth Revolution Attack Force တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly