မြန်မာနိုင်ငံရေးကိုဖြေရှင်းနိုင်ရန် အင်ဒိုနီးရှားက တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်နေဟုဆို

မြန်မာနိုင်ငံရေးကိုဖြေရှင်းနိုင်ရန် အင်ဒိုနီးရှားက တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်နေဟုဆို

လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော အင်ဒိုနီးရှားသည် မြန်မာနိုင်ငံရေးအခြေအနေများကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် သံတမန်ရေးလုပ်ဆောင်ချက်များကို လူသိရှင်ကြားပြောဆိုခြင်းမျိုးမရှိဘဲ တိတ်ဆိတ်သော သံတမန်ရေးရာနည်းလမ်းဖြင့်ချဉ်းကပ်နေကြောင်း သုံးသပ်နေကြသည်။

ဒီသံတမန်ရေးနည်းလမ်းနဲ့သာ ညှိနှိုင်းဆွေးနွေးမှုအခန်းကို သွားရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်တဲ့အရာတွေကို လူသိ ရှင်ကြားပြောဆိုမယ်ဆိုရင် သံတမန်ရေးရာ လုပ်ဆောင်ချက် နေရာပိုကျဉ်းမြောင်းလာမှာဖြစ်တယ်" ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ပူပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး ချုပ် Sidharto Suryodipuro က  ဆိုသည်။

ထို့ပြင် "လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့စစ်ဗိုလ်ချုပ်ကြီးတွေကို မြန်မာနိုင်ငံထံ ဘယ်တော့စေလွှတ်မယ်ဆိုတာကို ရက်သတ်မှတ်ထားတာမျိုးမရှိသေးပေမယ့် အချိန်ကျရင်တော့ ကြေညာပေးမှာပါ" ဟုဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly