မြန်မာစစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် အယူဝါဒဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အကျပ်အတည်းကို တွန်းအားပေးနေတယ်လို့ ၂၀၂၃ခုနှစ် မတ်လ ၃ရက်နေ့က ဂျနီဖာမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီအရင်ခံစာအတွင်း ပဋိပက္ခများနဲ့ အကြမ်းဖက်မှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် အရပ်ဖက်ဆိုင်ရာနေရာများ၊ အခြေခံလွတ်လပ်ခွင့်များ၊ စီးပွားရေးနှင့် လူမှုအခွင့်အရေးများ၊ လူနည်းစုတွေအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုတို့အကြောင်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။