နီပေါတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေချိန် တရုတ်၏အခက်အခဲများ ပိုမိုကြီးထွားလာ

By ANI 
12 March 2023
နီပေါတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေချိန် တရုတ်၏အခက်အခဲများ ပိုမိုကြီးထွားလာ

နီပေါ-မော်ဝါဒီဗဟိုကွန်မြူနစ်ပါတီနှင့် နီပေါကွန်ဂရက်တို့ ဦးဆောင်သော ရွေးကောက်ပွဲအကြို ၅ ပါတီညွန့်ပေါင်း အဖွဲ့ ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့် တရုတ်၏ ကာလကြာရှည် သြဇာလွှမ်းမိုးရေး မျှော်လင့်ချက် ပျက်ပြယ် သွားချိန်တွင် နီပေါ၌ မကြာသေးမီက ဖြစ်ပွားခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုက တရုတ်အတွက် အခြေအနေ ပိုမိုဆိုးရွားလာစေခဲ့သည်ဟု The Diplomat က ဖော်ပြလိုက်သည်။

နိုဝင်ဘာလတွင် အစိုးရသစ်ဖွဲ့စည်းပြီးကတည်းက နီပေါတွင် တရုတ်၏ နိုင်ငံရေးပါဝင်ပတ်သက်မှု မြင့်တက်လာ ခဲ့သည်။

ရွေးကောက်ပွဲနောက်ပိုင်း ညွန့်ပေါင်းအဖွဲ့တွင် ကေပီရှာမီအိုလီနှင့် ပုရှ်ပါး ကာမယ်ဒါဟယ်လ်တို့ ဦးဆောင်သော နီပေါ-မော်ဝါဒီဗဟိုကွန်မြူနစ်ပါတီနှင့် နီပေါကွန်မြူနစ်ပါတီ-ညီညွတ်သော မာ့က်စ်-လီနင်ဝါဒီ (CPN-UML) တို့ ပူးပေါင်း၍ အစိုးရအဖွဲ့ဖွဲ့စည်းခဲ့ပြီး ဒါဟယ်လ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ 

CPN-UML နှင့် မော်ဝါဒီများ ပေါင်းစည်းပြီး ၂၀၂၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော အိုလီ၏ နီပေါကွန်မြူနစ်ပါတီ (NCP) လက်ထက်တွင် တရုတ်က နီပေါ၌ နိုင်ငံရေး သြဇာတည်ဆောက်ရန် ယုံကြည်မှုရှိခဲ့ပုံပေါ်သည်။

တရုတ်သံတမန်သစ် ချန်ဆုန်က သံအမတ်ဟောင်း ဟိုရန်ချီ၏ ခြေရာကို နင်းလျက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် နီပေါသို့ ရောက်ရှိလာပြီးနောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံခဲ့သည်ဟု The Diplomat တွင် ဖော်ပြထားသည်။

တရုတ်သည် ဒါဟယ်လ် ဦးဆောင်သော ၎င်းနှင့် နီးစပ်သည့်အစိုးရအာဏာရလာမှုကို အခွင့်ကောင်းယူရန် အပြင်းအထန်ကြိုးပမ်းနေကြောင်းကို လျှင်မြန်သော လုပ်ဆောင်ချက်များကိုကြည့်ခြင်းဖြင့် သိနိုင်သည်။
 
အနောက်ကို လိုလားသည့် ထင်ရှားသော နီပေါကွန်ဂရက် (NC) ပါတီခေါင်းဆောင် ရမ်ချန်ဒရာပူဒယ်လ်က အနိုင်ရရှိရန် မျှော်လင့်နေသဖြင့် လာမည့်သမ္မတရွေးကောက်ပွဲသည် နီပေါ၏ နိုင်ငံရေးကသောင်းကနင်းဖြစ်နိုင်သည့် အဓိကအချက်ဖြစ်နေသည်။

ဒါဟယ်လ်သည် CPN-UML နှင့် လမ်းခွဲပြီး ပူဒယ်၏ပါတီအား ထောက်ခံမှုပေးခဲ့သဖြင့် ပူဒယ်လ်သည် အကျိုးအမြတ် ထွက်ခဲ့သည်။

ပူဒယ်လ်၏ အောင်ပွဲက နီပေါ၏ ထိပ်တန်းရာထူးတွင် တရုတ်လိုလားသူကို ခန့်အပ်လိုသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ကြိုးပမ်းမှုကို အရေးနိမ့်စေမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required