တရုတ်မိုင်းတွင်း ပြိုကျမှုကြောင့် လူ ၅၃ ဦး ပျောက်ဆုံးနေ

By The Straits Times
12 March 2023
တရုတ်မိုင်းတွင်း ပြိုကျမှုကြောင့် လူ ၅၃ ဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဖေဖော်ဝါရီက ကျောက်မီးသွေးတွင်းတစ်ခု ပြိုကျမှုကြောင့် လူပေါင်း ၅၃ ဦး ပျောက်ဆုံးခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ရှာဖွေရေး ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

အတွင်းမွန်ဂိုလီးယားဒေသရှိ အယ်လ်ဇာလက်ဖ်ခရိုင်တွင် ဖေဖော်ဝါရီလ ၂၂ ရက်က မိုင်းတွင်းဝတွင် မီတာ ၁၈၀ မြင့်သော မြေသားပြိုကျကာ ဒါဇင်နှင့်ချီသော လူများနှင့် ယာဉ်များ ပိတ်မိသွားခဲ့သည်။

တရုတ်အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ပျောက်ဆုံးနေသာ အလုပ်သမား ၄၇ ဦးကို ကယ်တင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး လူ ၆ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ အခြား ၆ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း  ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

သို့သော် ဖြစ်စဉ်အပြီး ၂ ပတ်အကြာတွင် လူထပ်မတွေ့ကြောင်း ဝန်ကြီးဌာနအကြီးအကဲက မတ်လ ၇ ရက်က အတည်ပြုခဲ့ပြီး ယခုကဲ့သို့ ဘေးအန္တရာယ်မျိုး ထပ်မံမဖြစ်ပွားစေရန် အလေးထားဆောင်ရွက်နေကြောင်း ပြောသည်။

ပူပြင်းခြောက်သွေ့ပြီး လူနေရေကျဲပါးသော နယ်မြေဖြစ်သည့်  အယ်လ်ဇာလက်ဖ်ခရိုင်၏ စီးပွားရေးသည် သတ္တုတူးဖော်ရေးနှင့် အခြားသော တွင်းထွက်ပစ္စည်းတူးဖော်ရေးလုပ်ငန်းများအပေါ်တွင် အဓိက အားထားနေရသည်။

တရုတ်နိုင်ငံရှိ သတ္တုတွင်းအန္တရာယ်ကင်းရှင်းရေးအစီအမံများသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း တိုးတက်ကောင်းမွန်လာသော်လည်း ဘေးကင်းလုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ လျော့ရဲသည့် လုပ်ငန်းများ အထူးသဖြင့် လုပ်ငန်းခွင်အသစ်များတွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှင်ကျန်းဒေသတွင် ဒီဇင်ဘာလက ရွှေတွင်းတစ်ခုပြိုကျပြီး လူ ၄၀ ခန့် ပိတ်မိခဲ့သည်။

ရှန်ရှီးပြည်နယ်မြောက်ပိုင်းတွင်လည်း ၂၀၂၁ ခုနှစ်က ရေဝင်နစ်မြုပ်သွားသော ကျောက်မီးသွေးတွင်းတစ်ခုမှ အလုပ်သမား အယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြား၂ ဦးမှာ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly