ကနေဒါအစိုးရ၏ အဓိကညွန့်ပေါင်းမိတ်ဖက်က တရုတ်ကို ပစ်မှတ်ထား

By ANI
11 March 2023
ကနေဒါအစိုးရ၏ အဓိကညွန့်ပေါင်းမိတ်ဖက်က တရုတ်ကို ပစ်မှတ်ထား

ကနေဒါရွေးကောက်ပွဲတွင် တရုတ်ဝင်ရောက်စွက်ဖက်သည်ဟူသောစွပ်စွဲချက်များကို ကနေဒါ ဒီမိုကရက်တစ်ပါတီသစ် ခေါင်းဆောင် ဂျက်မိဆင်းဂ်က မတ်လ ၄ ရက် တွင် ငြင်းဆိုလိုက်ကြောင်း Global News က ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်ပါတီအသစ် (NDP)သည် ခါလစ်စတန်အဖွဲ့လှုပ်ရှားမှုကို ထောက်ခံသူဖြစ်ပြီး လစ်ဘရယ်ပါတီ၏ ညွန့်ပေါင်းမိတ်ဖက်အဖြစ် တရုတ်နိုင်ငံကို ပစ်မှတ်ထားလျက်ရှိသည်။

ဒီမိုကရက်နှင့် လစ်ဘရယ်ပါတီကြား ချုပ်ဆိုထားသော ယုံကြည်မှုနှင့်ထောက်ပံ့ရေးဆိုင်ရာသဘောတူညီမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးနှင့် တွေ့ဆုံသည့်အခါ NDP  ခေါင်းဆောင် ဆင်းဂ်က နိုင်ငံခြားရေးစွက်ဖက်မှုပြဿနာကို တင်ပြရန်စီစဉ်ထားကြောင်း Corus Entertainment ၏ ရေဒီယိုတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်  ပြောကြားခဲ့သည်။

ကနေဒါရွေးကောက်ပွဲများ၌ တရုတ်ဝင်ရောက်စွက်ဖက်မှုရှိသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ပါတီအသီးသီးက ဖက်ဒရယ်အစိုးရအပေါ် ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် ဆင်းဂ်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ကနေဒါနိုင်ငံ နောက်ဆုံးရွေးကောက်ပွဲ ၂ ခုတွင် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုများ ရှိသော်လည်း ရွေးကောက်ပွဲများကို ရိုးသားစစ်မှန်မှုနှင့်ပတ်သက်ပြီး ထိပ်တန်းထောက်လှမ်းရေးအရာရှိများ၏ စိစစ်တွေ့ရှိချက်များကို မတ်လ ၂ ရက်တွင် အတိုက်အခံပါလီမန်အမတ်များက နာရီပေါင်းများစွာ  ကြားနာခဲ့ပြီးနောက် ပြည်ပစွက်ဖက်မှုအား နိုင်ငံလုံးဆိုင်ရာစုံစမ်းမှုတစ်ရပ်ကို စတင်ရေး ဖက်ဒရယ်အစိုးရထံ တောင်းဆိုသည့် အဆိုကို အတည်ပြုခဲ့သည်။ 
"ဒီလိုစစ်ဆေးတဲ့အနေအထားထိမရောက်အောင် ကျွန်တော်တို့ ဟန့်တားခဲ့တာမျိုး မရှိပါဘူး။ ဒါဟာ ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့် အရာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို အမှန်တကယ် ကာကွယ်လိုပါတယ်" ဟု ဆင်းဂ်က ဆက်ပြောသည်။

ဆင်းဂ်က NDP သည် ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီကို ကာကွယ်ရန် ရည်ရွယ်ပြီး ဘက်မလိုက်သော ပွင့်လင်းမြင့်သာမှုရှိသည့် အစိုးရအဖွဲ့၏စုံစမ်းစစ်ဆေးမှုကို ပြတ်ပြတ်သားသားတောင်းဆိုခဲ့ကြောင်း ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly