နွေဦးတော်လှန်ရေးရဲ့ လက်ရှိကာလကို အားရကျေနပ်တယ်လို့ ရေးဘီလူးပြော (အင်တာဗျူး)

By ဂျူချန်း
10 March 2023
နွေဦးတော်လှန်ရေးရဲ့ လက်ရှိကာလကို အားရကျေနပ်တယ်လို့ ရေးဘီလူးပြော (အင်တာဗျူး)

“ဒီအခြေအနေအတိုင်းဆို ကျနော် တို့အားရတယ်ဗျ။ ဘာလို့လဲဆိုတော့ တကယ်တမ်းလုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးရှိတယ်။ တကယ်တမ်းလုပ်နေတဲ့ အဖွဲ့တွေကိုမြင်တော့လည်း ကျနော်တို့ ပိုပြီးတော့ အားရတယ်”

“တော်လှန်ရေးကို ကျနော်တို့ အချိန်အကြာကြီး မဆွဲထားဘူး။ ကျနော်တို့ လုပ်နိုင်တဲ့ အပိုင်း၊ ကဏ္ဍတွေမှာ ကျနော်တို့ လုပ်ဆောင်သွားမယ်။ ပြည်သူတွေနဲ့ တစ်သားတည်း အမြဲတမ်း တိုင်တိုင်ပင်ပင်ပဲ သွားမယ်” ဟု ရေးဘီလူးက ပြောသည်။

ရေးဘီလူးအဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒီအပတ် Weekly interview အစီအစဉ်မှာတော့ ရေးမြို့နယ်အတွင်းက လက်ရှိစစ်ရေးအခြေနေတွေ၊ နွေဦးတော်လှန်ရေးအပေါ် ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးကို မဇ္ဈိမ သတင်းထောက် ဂျူချန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

#weeklyinterviews
#ရေးဘီလူး
#မွန်
#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required