ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မငြိမ်မသက်ဖြစ်မှုတွေအတွက် UEFA လျော်ကြေးကို ရီးယဲလ်မက်ဒရစ် ပယ်ချ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မငြိမ်မသက်ဖြစ်မှုတွေအတွက် UEFA လျော်ကြေးကို ရီးယဲလ်မက်ဒရစ် ပယ်ချ
Photo: AFP

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ ပဲရစ်မြို့က Stade de France ကွင်း အပြင်ဘက်မှာ ဒုက္ခရောက်ခဲ့တဲ့ ပရိသတ်တွေအတွက် UEFA ရဲ့ "လုံလောက်မှုမရှိဘဲ ကန့်သတ်ထား"တဲ့ လျော်ကြေး ကမ်းလှမ်းမှုကို ရီးယဲလ်မက်ဒရစ်က ကြာသပတေးနေ့က ပယ်ချခဲ့ပါတယ်။

၂၀၂၂ မေလ ၂၈ ရက်နေ့က လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ ဥရောပချန်ပီယံများအသင်းက ရဲတွေမှ ပရိတ်သတ်တွေ ကြိတ်ကြိတ်တိုးတိုး ကျဉ်းကျပ်နေတဲ့အတွင်းဆီ တွန်းပို့ခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့တာကို မြင်တွေ့ခဲ့ပြီး သူတို့ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အစီအစဥနနဲ့ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ပြောပါတယ်။

ပြင်သစ်မြို့တော်မှာ ပွဲစတင်ချိန် ၃၇ မိနစ်နောက်ကျပြီး ပရိသတ်တွေက ကွင်းထဲကို ဝင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ လီဗာပူးပရိသတ်တွေအပြင် ဒုက္ခရောက်ခဲ့တဲ့ တခြားပရိသတ်တွေကို UEFA က သူတို့ဟာ  လက်မှတ်ကိုင်ဆောင်ထားသူတွေကို ပြန်အမ်းပေးမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

“ဝမ်းနည်းစရာကောင်းတာက ပြီးခဲ့တဲ့အင်္ဂါနေ့က တရားဝင်ကြေညာခဲ့တဲ့ UEFA ရဲ့ အဆိုပြုချက်ဟာ မလုံလောက်ဘူးလို့ ကျနော်တို့ကလပ်အသင်းက ယုံကြည်နေတာပါပဲ”လို့ မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"အဲဒီမှာ အားကစားကွင်းထဲ ဝင်ခွင့်ရချိန်ကို သက်သေပြပေးရတာအပါအဝင် လိုအပ်ချက်များစွာကို ဖြည့်ပေးရမယ့် အချက်လည်းဖြစ်တဲ့ လက်မှတ်ဈေးနှုန်းတွေ ပြန်လည်ပေးဆပ်ခြင်းမျှသာ ပါရှိပါတယ်။"

အားကစားကွင်းအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေအတွက် UEFA ကို လွပ်လပ်တဲ့ အစီရင်ခံစာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မက်ဒရစ်က "ကျွမ်းကျင်သူတွေရဲ့ တွေ့ရှိချက်တွေကို အဆုံးအဖြတ် ပေးလိုက်တာ"ဖြစ်ပြီး ဖြစ်ရပ်တွေရဲ့ ပြင်းထန်မှုနဲ့ UEFA ရဲ့ အပြစ်ရှိမှုနဲ့အညီ လျော်ကြေးပေးဖို့ သူတို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ပရိသတ်တွေအားလုံး ပွဲအစမှာ လက်မခံနိုင်စရာ နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်"လို့ မက်ဒရစ်က ဆက်လက်ပြောပါတယ်။

“ဒါ့အပြင် အားကစားကွင်းကို ဝင်ရောက်ရာမှာရော ထွက်ခွာရာမှာပါ လက်မခံနိုင်စရာ လုံခြုံမှုမရှိတဲ့အပြင် ခိုးမှု၊ တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေလိုမျိုး နောက်ထပ်အန္တရာယ်တွေလည်း ရှိခဲ့ပါတယ်။

"ဒီအကြောင်းကြောင့် ရီးယဲလ်မက်ဒရစ်က UEFA က အဆိုပြုထားတဲ့ ကန့်သတ်လျော်ကြေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပြီး၊ အခြေအနေကို ပြန်လည်ဖြေရှင်းပေးဖို့နဲ့ သူ့ရဲ့တာဝန်ကို အပြည့်အဝယူဖို့ ကျနော်တို့ တောင်းဆိုပါတယ်"

မက်ဒရစ်က သူတို့ဟာ UEFA နဲ့ ဆန့်ကျင်ပြီး သင့်လျော်တဲ့ အရေးဆိုမှုများ ပြုလုပ်ဖို့အတွက် ပွဲစဉ်မှာ "ဘယ်လို ထိခိုက်မှုမျိုးမဆို" ကြုံတွေ့ခဲ့ရတဲ့ ပရိသတ်တွေကို အကူအညီပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

UEFA က ထောင်ပေါင်းများစွာဟာ ပွဲမစတင်ခင် ကွင်းအပြင်ဘက်မှာ နာရီပေါင်းများစွာ စုရုံးနေခဲ့ပေမယ့် ကမောက်ကမဖြစ်မှုအတွက် နောက်ကျရောက်လာတဲ့ လီဗာပူးလ်ပရိသတ်တွေအပေါ်  အပြစ်တင်ဖို့ အစောပိုင်းမှာ ကြိုးစားခဲ့ပါတယ်။

လီဗာပူးပရိသတ်များအဖွဲ့ဖြစ်တဲ့ Spirit of Shankly က ပရိသတ်တွေဟာ "မငြိမ်မသက်ဖြစ်မှုနဲ့ ထိန့်လန့်မှု"တွေမှာ "သူတို့ရဲ့ အသက်အန္တရာယ်အတွက် ကြောက်လန့်နေ"ခဲ့ကြတယ်လို့ နောက်ပိုင်းမှာ ပြောပါတယ်။

The Spirit of Shankly နဲ့ Liverpool မသန်စွမ်းသူများအဖွဲ့မှ ပရိသတ်တွေကို ပြန်လည်ပေးချေဖို့ ဆုံးဖြတ်ချက်ကို ချီးကျူးပေမယ့်လည်း ဒါဟာ လုံလောက်အောင် မလုပ်ဆောင်နိုင်သေးဘူးလို့ ပြောပါတယ်။

ရာနဲ့ချီတဲ့ လီဗာပူးပရိသတ်တွေရဲ့ ရှေ့နေတွေကလည်း သူတို့ဟာ UEFA ကို တရားဥပဒေအရ အရေးယူဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required