ပစ်သတ်ခံရတဲ့ စစ်သားတစ်ဦးကို ယူကရိန်း ထိပ်တန်းအားကစားသမားတွေ တုံ့ပြန်ဂုဏ်ပြုစကားဆို

ပစ်သတ်ခံရတဲ့ စစ်သားတစ်ဦးကို ယူကရိန်း ထိပ်တန်းအားကစားသမားတွေ တုံ့ပြန်ဂုဏ်ပြုစကားဆို

ယူကရိန်းနိုင်ငံမှ ထိပ်တန်းအားကစားသမားတွေက  နိုင်ငံကို ထိတ်လန့်စေတဲ့ ဗီဒီယိုတစ်ခုမှာ ရုရှားစစ်တပ်ရဲ့ သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရတဲ့ ယူကရိန်းစစ်သုံ့ပန်း (POW) တစ်ဦးကို တုံ့ပြန်ဂုဏ်ပြုစကားတွေ ပြောခဲ့ပါတယ်။

လက်နက်မဲ့ အကျဉ်းသားကို ကတုတ်ကျင်းထဲမှာ ဆေးလိပ်သောက်နေတာ အဲဒီဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ရပါတယ်။ "Glory to Ukraine!"လို့ အပစ်မခံရခင်မှာ သူက ပြောပါတယ်။

နာမည်ကြီး တင်းနစ်မယ် အယ်လီနာ ဆဗီတိုလီနာ၊ ချယ်လ်ဆီးဘောလုံးသမား မူဒရစ်နဲ့ တခြားသူတွေက "Glory to the Heroes!" ဆိုပြီး သူတို့ရဲ့ ချီးကျူးဂုဏ်ပြုတဲ့ ဗီဒီယိုထဲမှာ တုံ့ပြန်ခဲ့ပါတယ်။

ဒါဟာ ယူကရိန်းစစ်တပ်အတွက် တိုက်ပွဲငိုကြွေးမှုတစ်ခုပါပဲ။

"Glory to Ukraine" စကားဟာ ရုရှားက ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ က သိမ်းယူပြီးနောက် မူလနေ ယူကရိန်းနိုင်ငံသားတွေကြားမှာ ရေပန်းစားလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က မော်စကိုရဲ့ လုံးလုံးလျားလျားကျူးကျော်မှု စတင်ခဲ့ပြီးနောက် ဒီစကားက ပြန်လည်ထင်ရှားလာခဲ့ပါတယ်။

အားကစားနည်းအများအပြားကို ကိုယ်စားပြုတဲ့ ယူကရိန်းအားကစားသမားတွေက အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဂုဏ်ပြုဗီဒီယိုမှာ "Glory to the Heroes!"လို့ အစချီ ထွက်ပေါ်လာပါတယ်။

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးမှ စိတ်အားထက်သန်စွာ ကြွေးကြော်ပြီးနောက် အခုလို ထွက်ပေါ်လာတာပါ။

"'Glory to the Hero! Glory to the Heroes! Glory to Ukraine!' လို့ ကျနော်တို့အားလုံး သူ့ရဲ့စကားတွေကို စည်းလုံးညီညွတ်စွာ ကျနော် တုံ့ပြန်စေချင်ပါတယ်"လို့ သူက ဒီသီတင်းပတ်အစောပိုင်းက ပြောပါတယ်။

အာဆင်နယ်ရဲ့ ဇင်ချင်ကိုနဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနက်အတွက် ကစားနေတဲ့ စတက်ပါနန်ကိုတို့ ဒီဗီဒီယိုထဲမှာ ပါဝင်ပါတယ်။ ဂန္တဝင်ကစားသမားဟောင်းနှင့် အခုနည်းပြ ရီဘရော့ဗ်ကိုလည်း ပြသထားပါတယ်။

သီးခြားအနေနဲ့ ယူကရိန်းရဲ့ လက်ဝှေ့ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အူဆိုက်ဟာ မည်သူမည်ဝါ မသိရသေးတဲ့ အပစ်ခံရတဲ့ စစ်သားအတွက် ရည်စူးထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။

"Glory to Ukraine! ဒီစကားလုံးတွေအတွက် မင်းမှာ ကျည်ဆန်တစ်ထောင့် ရခဲ့တယ်"လို့ သူက ရွတ်ဆိုပါတယ်။ "မင်းမရှိတော့ဘူး။ ဒါပေမယ့် အဆုံးအစမရှိတဲ့ တိုက်ခိုက်ရေးသမားဖြစ်တဲ့ မင်းက အမြဲတည်ရှိနေပါ။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required