ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းဆင်းပွဲ အမှတ်စဉ်(၁) လိုင်ဇာမြို့တွင်ကျင်းပ

By ကချင်လေး (မဇ္ဈိမ)
08 March 2023
ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းဆင်းပွဲ အမှတ်စဉ်(၁) လိုင်ဇာမြို့တွင်ကျင်းပ

ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်ပွဲကို မတ်လ ၇ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ သစ်တောနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဌာန၏ သင်တန်း ခန်းမတွင် ပြုလုပ်ခဲ့ သည်။

ကေအိုင်အိုအစိုးရ၏ သစ်တောအရာရှိငယ်သင်တန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခမ်းအနားမှာ ပထမအကြိမ် သစ်တောအရာရှိငယ်သင်တန်းဆင်းပွဲလည်းဖြစ် သည်။

သင်တန်းသို့ ကျောင်းသား ကိုးဦးနှင့် ကျောင်းသူ သုံးဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပြီး သစ်တော အရာရှိငယ်ရာထူး ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ယခင်နှစ်များက Covid-19 ကူးစက်ကပ်ရောဂါကြောင့် သင်တန်းမဆင်းနိုင်ခဲ့သည့် တောကြပ်အရာရှိ သင်တန်းအမှတ်စဉ်(၃/၄)မှ သင်တန်းသာ ၃၈ ဦးကိုလည်း ကျောင်းဆင်းပေးနိုင်ခဲ့ကြောင်း ကေအိုင်အို အစိုးရ၏ အချက်အလက်များအရ သိရသည်။

Photo Crd - sisakasa / EEDY (လိုင်ဇာ)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly