စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)  ထုတ်ပြန်

08 March 2023
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)  ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုအပါ အဝင် ကျေးရွာတွေကို ဝင်ရောက်စီးနင်း ပစ်ခတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ ကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မတ် ၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရ သေဆုံးသွားတဲ့ အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ၇ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်း က ၃ ဦး၊ ကချင်၊ကရင်၊ချင်း၊ တနင်္သာရီနဲ့ မကွေးတိုင်းတို့မှာ တစ်ဦးစီ ပါဝင်ပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၈ ဦးဟာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက အမျိုးသမီး ၃ ဦးဆိုရင် စစ်ကောင်စီတပ် စစ်ကြောင်းထိုစဉ် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required