မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ

08 March 2023
မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများထဲမှ အမျိုးသမီး ၇၀ ကျော်ကို စစ်ကောင်စီက ရိုက်နှက်၊ နှိပ်စက်၊ အစာဖြတ် စသည့် နည်းမျိုးစုံသုံး၍ ဆိုးရွားစွာ ဖိနှိပ်နေသည်ဟု စုံစမ်းသိရှိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တွင် မတရားသဖြင့် ဖမ်းဆီးခံထားရသော အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် စစ်ကောင်စီလက်အောက်ခံ ထောင်တာဝန် ရှိသူများကြောင့် လက်ရှိတွင် အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ထောင်ပြောင်းရွေ့မှုများလည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်များနှင့် ရှေ့နေများထံက သိရသည်။

နိုင်ကျဉ်းအမျိုးသမီးများကို ထောင်အာဏာပိုင်တို့က ဖေဖော်ဝါရီလဆန်းမှစ၍ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ပြင်ပမှ အစားအစာပို့ခွင့် (ထောင်ဝင်စာ) ပိတ်ထားသလို အခန်းကျဉ်းထဲတွင် တစ်ဦးချင်း ပိတ်လှောင်ထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မိသားစုဝင်အချို့ထံမှ သိရသည်။

မတ်လ ၇ ရက်နေ့က ပြုလုပ်သည် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC Mandalay) ၏ သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါထောင်တွင်းရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ပြောကြာခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required