တမူး- PDF တပ်ရင်း (၃) ကို အမျိုးသားလွတ်မြောက်ရေး တပ်တော်အဖြစ် ပြင်ဆင်ဖွဲ့စည်း

တမူး- PDF တပ်ရင်း (၃) ကို အမျိုးသားလွတ်မြောက်ရေး တပ်တော်အဖြစ် ပြင်ဆင်ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးအခြေစိုက်၊ တမူး- PDF တပ်ရင်း (၃) အား အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် မတ်လ ၅ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေးကို တပ်ရင်းအဆင့်ထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စေရန်အတွက် စစ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ ချမှတ်ကာ NLA တပ်တော်အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

NLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NU) ‌လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ မဟာမိတ် အင်အားစုများနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း NLA က ထုတ်ပြန်ထားသည်။

ယင်းအမျိုသားလွတ်မြောက်ရေးတပ်တော် ဖွင့်ပွဲအခမ်းအနားကို NLA တပ်တော် ဌာနချုပ်တွင် မတ်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

စာတည်း။  ။ နောင်နောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly