ပါရီတိုက်ခိုက်ရေးသမား ဘရပ်ဆဲလ်တွင် ဖမ်းမိပြီ

ပါရီတိုက်ခိုက်ရေးသမား ဘရပ်ဆဲလ်တွင် ဖမ်းမိပြီ

ဘရပ်ဆဲလ်၊ မတ် ၁၉ ။           ။ ပါရီတိုက်ခိုက်မှုများကို ကျုးလွန်ခဲ့သူဟု သံသယရှိသည့် လေးလကြာ ပြေးပုန်းနေသော ဆာလက်ရှ်အက်ဒီစလမ်အား ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် စီးနင်းတိုက်ခိုက်ကာ ဒဏ်ရာဖြင့် ဖမ်းဆီးနိုင်သည်။

အဆိုပါ စီးနင်းမှုအတွင်း အလိုရှိစာရင်းဝင် မိုနာအမတ်ကိုလည်း ဖမ်းမိကြောင်း ဘယ်ဂျီယမ်ရှေ့နေများက ပြောသည်။

အက်ဒီစလမ်အား လက်ခံထားသည့် အိမ်မှ မိသားစုသုံးဦးကိုလည်း ထိန်းသိမ်းထားသည်။

ဘရပ်ဆဲလ်တွင် ဖမ်းမိထားသည့် အက်ဒီစလမ်အား ဖြစ်နိုင်သမျှ အမြန်ဆုံး ပြင်သစ်နိုင်ငံသို့ လက်လွှဲပြောင်း ပေးပို့မည် မျှော်လင့်ကြောင်း ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လန်က ပြောသည်။

မတ် ၁၅ ရက်က ဘရပ်ဆဲလ်ရှိ နေရာတစ်နေရာတွင် စီးနင်းမှုတစ်ရပ်ပြုလုပ်ခဲ့ရာ အက်ဒီစလမ်၏ လက်ဗွေကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မိုလန်ဘက်ခရိုင်တွင် စီးနင်းမှုပြုရာ ၎င်းအား ဖမ်းမိခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်က လူပေါင်း ၁၃၀ သေဆုံးသည့် ပါရီတွင် ဂျီဟတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး နောက်ပိုင်း အက်ဒီစလမ်က ပြေးပုန်းနေခဲ့ခြင်းဖြစ်သည်။ ရဲများ၏ စီးနင်းမှုတွင် ၎င်းကို ခြေထောက်ဒဏ်ရာဖြင့် ဖမ်းဆည်းနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly