မဏိပူပြည်နယ်အတွင်း မြန်မာနိုင်ငံသားများကို ပိုက်စိပ်တိုက် စစ်ဆေးနေ

By ပါခွီး မဇ္စျိမ
05 March 2023
မဏိပူပြည်နယ်အတွင်း မြန်မာနိုင်ငံသားများကို ပိုက်စိပ်တိုက် စစ်ဆေးနေ

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ ကျုရကျန်ပူခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှ ခိုလှုံလာသူများကို တရား မဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ်သတ်မှတ်ပြီး ပိုက်စိပ်တိုက်စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မဏိပူပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသောအမိန့်စာတွင် ကျုရကျန်ပူ ခရိုင်အတွင်းရှိ ရပ်ကွက်ငါးခုနှင့် မြို့တွင်းကို သတ်မှတ်ထားသောရက်များအတွင်း စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။

Nghathal နှင့် Vaal Veng ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၃ ရက် ၊ Thingkangphai နှင့် Kanaan Veng ရပ်ကွက်တွင် မတ်လ ၆ ရက်မှ ၁၀ ရက် ၊ New Lamka areas နှင့် မြို့တွင်းနေရာများတွင် စစ်ဆေး ခြင်းလုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းအမိန့်စာတွင်ဖော်ပြထားသည်။

“Nghathal ရပ်ကွက်ဖက်တော့ လာသွားတယ်။ တအိမ်တက်ဆင်း စစ်ဆေးတာမျိုးမဟုတ်ဘဲ ရပ်ကွက် ထဲမှာရှိတဲ့ ဟောခန်းထဲမှာ လူတွေကို ID တွေယူလာခိုင်းပြီး အတု/အစစ် စစ်ဆေးတာမျိုးလုပ်သွားတယ်” ဟု မြန်မာနိုင်ငံသားတစ်ဦးက မဇ္စျိမကို ပြောသည်။

ယခုလက်ရှိအချိန်ထိ အဖမ်းခံရသူမရှိသေးဘဲ မြန်မာနိုင်ငံသားများအနေဖြင့် တိမ်းရှောင်လျက်ရှိနေ ကြောင်း ဆိုသည်။ သို့သော် မတ်လ ၆ ရက် မနက်ဖြန်တွင် Thingkangphai နှင့် Kanaan Veng ကို ဆက်လက်စစ်ဆေးမည့် အခြေနေကို စောင့်ကြည့်လိုအပ်ကြောင်း ပြောဆိုသည်။

ဒေသတွင်း လူမှုအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံမှအဖွဲ့အစည်းများက စစ်ဘေးရှောင်များကို အမြန်ဆုံးပြန် လွှတ်ရန်နှင့် ပြည်နယ်အတွင်း ယာယီနေထိုင်ခွင့် ကဒ်များထုတ်ပေး ရန်တောင်းဆိုနေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးရန် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly