မန္တလေးတွင် ခြင်ဆေးခွေထွန်းထားရာမှ စောင်ကိုမီးကူးပြီး မီးလောင်မှုဖြစ်ပွား

By 007 မဇ္ဈိမ
05 March 2023
မန္တလေးတွင် ခြင်ဆေးခွေထွန်းထားရာမှ စောင်ကိုမီးကူးပြီး မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိနေအိမ်တစ်အိမ်တွင် ယနေ့ မတ်လ ၅ ရက် နံနက်အစောပိုင်းက အိပ်ရာအနီး ခြင်ဆေးခွေထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

မတ်လ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်ခန့်က နေအိမ်၏အပေါ်ထပ်အိပ်ရာအနီးတွင် ခြင်ဆေးခွေထွန်း ထားရာမှ အနီးရှိခြုံစောင်ကိုမီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သည့်မီးသတ်တပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

“ခြင်ဆေးခွေမီးက ဘေးကစောင်ကိုသွားထိပြီး မီးလောင်တာပါ။ မီးစလောင်နေချိန် အိပ်မောကျနေရင် မီး လောင်နေတာကို မသိလိုက်နိုင်ဘူး၊ အတော်လေးလောင်ပြီးလို့ တစ်ခုပြီးတစ်ခုမီးကူးတော့မှပဲ သိကြတာ များတယ်။ မန္တလေးမှာ ဒီရက်ပိုင်း အပူချိန်များလာတယ်။ ပူပြင်းခြောက်သွေ့ရာသီမှာ ဖယောင်းတိုင်၊ အမွေးတိုင်၊ ခြင်ဆေးခွေ၊ ဂတ်စ်အိုး ဒါတွေကို အထူးဂရုပြုသုံးစွဲကြပါ။ တမြန်နေ့ကလည်း ကော်ဖီဆိုင် တစ်ဆိုင် ဂတ်စ်အိုးကတစ်ဆင့် မီးလန့်မှုဖြစ်ခဲ့သေးတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါမီးလောင်မှုကို Level 1 အဆင့်အဖြစ် အရန်နှင့်သန္ဓေ ၁၀၀၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ် ယာဉ်ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ ၁၉ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

မီးလောင်မှုကြောင့် သွပ်မိုးထရံကာပျဉ်ခင်းနှစ်ထပ်နေအိမ်၏ အပေါ်ထပ်ပျက်စီးခဲ့ပြီး အတွင်းပစ္စည်းများ လည်း မီးလောင်ခံလိုက်ရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း ၁,၇၆၀,၀၀၀ ကျပ် သတ်မှတ်ကြောင်း၊ မီး လောင်မှုပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲမှုဖြင့် မြို့နယ်ရဲစခန်းတွင်အမှုဖွင့်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ယနေ့မီးလောင်မှုဖြစ်စဉ်အပါအ၀င် သုံးရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီး လောင်မှုဖြစ်စဉ်တိုင်းမှာ နံနက်အစောပိုင်းများတွင်ဖြစ်နေသည်ကိုတွေ့ရသည်။

Photo Than Htay

စာတည်း။ ။စောဖေစာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly