မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးစိန်တင်၏ ရုပ်အလောင်းသဂြိုဟ်ပြီးစီး

By ဝေဟင်စိုး မဇ္ဈိမ
05 March 2023
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးစိန်တင်၏ ရုပ်အလောင်းသဂြိုဟ်ပြီးစီး

နာ‌ရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီ ဦးကျော်သူ ၏ဖခင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးစိန်တင်(အမျိုးသားရုပ်ရှင်)၏ဈာပနအား ယနေ့ မတ် လ ၅ ရက် နံနက် ၉ နာရီအချိန်က  ရေဝေးသုသုဿန် ခန်းမ(၁/က)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်း ဈာပနာသို့ သားဖြစ်သူ ဦးကျော်သူနှင့် ချွေးမတော်စပ်သူ ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်တို့ လာ ရောက်နိုင်ခြင်းမရှိကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားတစ်ဦးက  မဇ္ဈိမကိုပြောသည်။

ကွယ်လွန်သူ အသက် ၈၉ နှစ်အရွှယ် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) အား ရန်ကုန်နာရေးကူညီမှုအသင်းသူ အသင်းသားများက ဉီးဆောင်၍ ဂူသွင်းသဂြိုဟ်‌ပေးခဲ့ခြင်းဖြစ်သည်။

အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သူ ဦးစိန်တင်သည် မတ်လ ၃ ရက် နံနက် ၄ နာရီ ၁၀ မိနစ် အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက် ၂၀၁၃ ခုနှစ်က အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်လိုင်စင်အပါအဝင် အမျိုးသားရုပ်ရှင်လုပ်ငန်းတစ်ခုလုံးကို လှူဒါန်းခဲ့သူလည်းဖြစ် သည်။

ဓာတ်ပုံ-FFSS

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required