မန်စီးတီးသို့ပြောင်းခြင်းမှာ ကစားသမားဘဝအတွက် အကောင်းဆုံးဖြစ်ခဲ့ဟု စတာလင်းပြော

မန်စီးတီးသို့ပြောင်းခြင်းမှာ ကစားသမားဘဝအတွက် အကောင်းဆုံးဖြစ်ခဲ့ဟု စတာလင်းပြော

မတ် ၁၈၊ မန်ချက်စတာ ။               ။ လီဗာပူလ်းကိုစွန့်ခွာပြီး မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ကစားသမားဘဝအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်ဟု စတာလင်းက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဇူလိုင်က အင်္ဂလန်လက်ရွေးစင်ကစားသမား၏အပြောင်းအရွှေ့မှာ လီဗာပူးလ်ပရိသတ်အချို့အတွက်ဒေါသဖြစ်စေခဲ့ရပြီး ငွေမက်၍ အသင်းပြောင်းသွားခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။

သို့သော် မန်စီးတီးအသင်းသို့ပြောင်းခြင်းမှာ ကစားသမားဘဝနောက်တစ်ဆင့်ခြေလှမ်းဖြစ်သည်ဟုဆိုခဲ့သည့် စတာလင်းက "အဓိက ဝေဖန်ခံရတာကတော့ ငွေမက်တယ်ဆိုပြီးတော့ပေါ့။ လက်တွေ့ မှာတော့ ကျွန်တော်ဟာ ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်ဖို့ကြိုးစား နေတာဖြစ်ပြီး အဲဒါက အရေးအကြီးဆုံးလည်းဖြစ်ပါတယ်။ ကျွန်တော့်ကစားသမားဘဝအတွက် အချိန်ကိုက်ဆုံးဖြတ်နိုင် ခဲ့တာလို့ ထင်ပါတယ်"ဟု ပြောသည်။

အသက် ၂၁ နှစ်အရွယ်ရှိစတာလင်းက လက်ရှိရာသီတွင် မီဒီယာများနှင့်တွေ့ဆုံခြင်းကိုရှောင်ရှားခဲ့ခြင်းက ခြေစွမ်းတိုးတက်ရန် အာရုံပိုစိုက် နိုင်စေခဲ့သည်ဟုလည်း ယုံကြည်နေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly