လွတ်ရက်စေ့ ရွှေ့ပြောင်း မြန်မာလုပ်သား ၁၄၀ နီးပါးအား နေရပ်ပြန်ပို့ 

By ကိုရွှေမြိတ် (မဇ္ဈိမ)
03 March 2023
လွတ်ရက်စေ့ ရွှေ့ပြောင်း မြန်မာလုပ်သား ၁၄၀ နီးပါးအား နေရပ်ပြန်ပို့ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၃၈ ဦးအား ယမန်နေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေရပ်ပို့လိုက်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။ 

၎င်းတို့ကို နှစ်နိုင်ငံနယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားတွင် လွှဲပြောင်းပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေ့ပြောင်း မြန်မာလုပ်သားများကို နေရပ်ပြန်ပို့ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကပိုင်းက တောင်းဆိုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ 

ယင်းနောက် ဖေဖော်ဝါရီလဆန်းပိုင်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ၆၀၀ နီးပါးကို ရနောင်း-ကော့သောင်းနယ်စပ် ရေလမ်းခရီးမှ တစ်ဆင့် မြန်မာဘက်သို့ ပို့ဆောင်ပေးခဲ့သည်။ 

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly