အပူရှိန်ပြင်းထန်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်နိုင်သဖြင့် ပြည်သူများသတိထားကြရန် NUG အစိုးရသတိပေး

အပူရှိန်ပြင်းထန်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်နိုင်သဖြင့် ပြည်သူများသတိထားကြရန် NUG အစိုးရသတိပေး

အပူရှိန်ပြင်းထန်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်နိုင်သဖြင့် ပြည်သူများသတိထားကြရန် NUG အစိိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်သည်။ 

၂၀၂၃ခုနှစ်၊ နွေကာလ အယ်နီညို ဖြစ်တန်စွမ်းခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ မိတ္ထီလာမြို့၊ နေပြည်တော်၊ ပျဉ်းမနား၊ ပုဂံမြို့ဟောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တောင်ငူမြို့၊ ဖြူးမြို့၊ ပြည်မြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ရန်ကုန်မြို့တို့တွင် မွန်းလွဲ ၁၂နာရီမှ ညနေ ၄ နာရီအတွင်း ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မြင့်တက်လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ( NUG )က ထုတ်ပြန်သည်။ 

ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များအနေဖြင့် နေ့အပူချိန် မြင့်တက်ချိန်များတွင် ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အရိပ်အာဝါသ ကောင်းမွန် သောနေရာများတွင် နေထိုင်ကြပါရန်နှင့် အပူချိန်မြင့်တက်ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သတိပြုနိုင်ပါရန် အသိပေးတင်ပြအပ်ကြောင်း NUG အစိုးရက အသိပေးထားသည်။ 

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly