စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

By 002 Mizzima
02 March 2023
စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF တပ်ဖွဲ့များသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

" အမျိုးသားညီညွတ်ရေးအစိုးရနဲ့PDF တပ်မတော်ရဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ပါဝင်မှုဟာလည်း ပိုပြီး အားကောင်းလာတဲ့အတွက် မကြာခင်မှာ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျုဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ ပြည်သူကို ဆန့်ကျင်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာရှာမရနိုင်ဘူး ဆိုတာ သူတို့သိစေရမယ်" ဟု ဦးရည်မွန်က ပြောသည်။

ဖေဖော်ဝါရီ တစ်လအတွင်း စစ်တိုင်းနှင့် စစ်ဒေသ သုံးခုလုံးတွင် တနိုင်ငံလုံးအတိုင်းအတာနှင့် တပြိုင်နက်တည်း ဟန္ခ်က္ညီ စစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ တိုက်ပွဲဖော်ဆောင်ခဲ့သည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

"တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကိုတော့ ၂၄ နာရီအတွင်း တပြိုင်တည်း ဟန္ခ်က္ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်။ ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း နှစ်ခုနဲ့ ရဟတ်ယာဉ်ကွင်း တစ်ခု၊ ကပစစက်ရုံ သုံးခု၊ တိုင်းစစ်ဌာနချုပ် တစ်ခုနဲ့ တပ်မဌာနချုပ် တစ်ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း ၂၆ ခု၊ ရဲစခန်း ကိုးခု၊ ရန်သူ့စစ်ကြောင်း နှစ်ခု၊ ပျုစောထီးစခန်း၁၅ ခုတို့ ပါဝင်တယ်" ဟု ဦးရည်မွန်က ပြောသည်။

စစ်ဆင်မှုများမှာ စစ်ကောင်စီအတွက် စိတ်ပိုင်းနှင့်ရုပ်ပိုင်းများကို အထိနာစေခဲ့ကြောင်း၊ PDF များအတွက် အဆုံးအဖြတ်တိုက်ပွဲ များအတွက် ယုံကြည်မှုတိုးပွားစေကြောင်း၊ တိုက်ပွဲဝင်မှု အားနည်း နေသည့် ဒေသများတွင် လိုအပ်သည့် ပြင်ဆင်မှုများ၊ အားဖြည့်တင်း မှုများလုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

" ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အင်အားတည်ဆောက်ပြီး အကြားအလပ်မရှိ တိုက်ပွဲဝင် ကြဖို့ဖြစ်တယ်။ ဒါသည်ပင် နွေဦးပြည်သူ့တော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။

တိုင်းဒေသများနည်းတူ ပြည်နယ်များတွင်လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်များ လက်တွဲပြီး မြို့ပြစစ်ဆင်မှုနှင့်စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြ ကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်ခြင်း မွာ PDF တပ်မတော်၏ စစ်ရေးစွမ်းရည် နောက်တဆင့် တိုးတက် လာမွုကို ဖော်ပြသည့် ပြယုဒ်တစ်ခုဖြစ်သည်ဟု ကာကွယ်ရေး ဝန်ကြီးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required