အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား  ရောင်းချ 

အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား  ရောင်းချ 

ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို မကြာသေးခင်က လက်နက်အမြောက်အမြား တင်ပို့ရောင်းချခဲ့ပါတယ်။

မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေးလှုပ်ရှားမှုကို လှုံ့ဆော်နေတဲ့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင်  စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေလိုက်နာရန် ပျက်ကွက်မှုဖြစ်နိုင်ပြီး ယင်း ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်တပ်ရဲ့ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်တဲ့ ဟောင်ဝဇ္ဇာအမြောက် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required