မြန်မာ့အရေး ဒေသတွင်းလုံခြုံရေးထိခိုက်တာကြောင့် ငြိမ်းချမ်းရေးရအောင် နည်းလမ်းသစ်ရှာဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခအကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုထိခိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟင်က ပြောလိုက်ပါတယ်။

 ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ လက်တွဲ အလုပ်လုပ်လာစေဖို့သိမ်းသွင်းနိုင်ရေးမှာ နည်းလမ်းသစ်တွေလိုနေတယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကိုပါ ထိခိုက်လာနေတာကြောင့် - ပြည်တွင်းရေး သက်သက်လို့ သဘောထားလို့ မရတော့ဘူးလို့ သူက ပြောဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း -အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်အောင် နည်းလမ်းသစ်ရှာဖို့ အကြံပြုလိုတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ မနီလာမြို့တော်မှာ မတ်လ ၁ ရက် တွေ့ဆုံအပြီး ပြောဆိုလိုက်တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly