တိုင်းပြည်တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော

01 March 2023
တိုင်းပြည်တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ကျင်းပတဲ့ NUG အစိုးရရဲ့ ၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက  စစ်အာဏာရှင်များရဲ့ လက်အောက်မှာ တိုင်းပြည်နှင့်လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိ။ လက်ရှိ ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး  ပိုမိုစုံလင်သော စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့ အစိုးရ ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါ တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required