အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံဖြင့် မြန်မာနိုင်ငံရေးပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံဖြင့် မြန်မာနိုင်ငံရေးပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်ဖက်ဖို့အတွက် လိုင်စင်မရထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်မခံရုံနဲ့ အာဆီယံဟာ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လမ်းဆုံးကိုရောက်နေပြီ ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အထက်ပါကဲ့သို့ ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံဟာ  အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly