မုံရွာမြို့တွင် လဝကရုံး လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

By ပါခွီး
28 February 2023
မုံရွာမြို့တွင် လဝကရုံး လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လဝကရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း Golden Eagle Force – Monywa -V2 က ထုတ်ပြန်ထား သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ကျော်တွင် လဝကရုံးအား ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီ စစ်ကောင်စီတပ်ထဲမှာ ညနေဆိုရင် Tik Tok ဆော့တဲ့နှစ်ကောင်ရှိတယ်။ အခုသေတာ အဲဒီ နှစ် ယောက်ရယ်၊ တခြားတယောက်ရယ်ဆိုတာကို ကျနော်တို့ရဲ့ဖရဲသီး (စစ်ကောင်စီသတင်းပေး) ဆီကနေ ပြန်သိရတယ်” ဟု Golden Eagle Force – Monywa -V2 အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

၄၀ မမ ၁၀လုံး ပစ်ခတ်ခဲ့ရာတွင် သုံးဦးသေဆုံးသွားသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဆို သည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force – Monywa -V2 တပ်ဖွဲ့နှင့်အတူ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ ၊ People Defence Force (East Monywa) ၊ Peacock King People Defence Force – Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လဝကရုံးရှိ စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းသွားလာလာပြည်သူများကို အကြောင်းမဲ့ အကြမ်း ဖက်စစ်ဆေးခြင်း၊ အမျိုးသမီးများ ကာယိန္ဒြေပျက်ပြားစေရန် ရိသဲ့သဲ့လုပ်ခြင်း၊ အကြမ်းဖက်၍ အဓမ္မပြု ကျင့်ခြင်းများရှိကြောင်း ဗိုလ်လင်းယုန်ကဆိုသည်။

အမျိုးသမီးခြောက်ဦး အဓမ္မပြုကျင့်ခံရပြီး တစ်ဦးမှာမိမိကိုယ်ကို အဆုံးစီရင်သွားကြောင်းပြောဆိုသော် လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသတွင်း သတင်းရေးသားဖြန့်ချိနေသည့် မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက အဆိုပါ လဝက ရုံးရှေ့မှသွားလာမှုဆင်ခြင်ကြရန် သတိပေးစာကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လဝကရုံးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားများက ရုံးအတွင်းသို့ ခေါ်ဆောင်ကာ လိင်အကြမ်း ဖက်မှု၊ အဓမ္မပြုကျင့်မှုများရှိသောကြောင့် မလိုအပ်ဘဲ လမ်းသွားလာမှုများ ဆင်ခြင်ကြရန် ဖော်ပြသတိ ပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly