လျင်မြန်စွာ ထွန်းတောက်လာတဲ့ ဖလိုင်းဝိတ် ချန်ပီယံ ချင်းပြည်နယ်ဖွား ဖိုက်တာ ဂျော့ရှူဝါဗန် “The Fearless”ဟာ ဒီကန့ပွဲတွေမှာ အလားအလာရှိတဲ့ ထိပ်တန်းလူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်သည်မှာ သေချာပါတယ်။
သူဟာ ၈ ပွဲထိုးသတ်ရာမှာ ၇ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ဒီဇင်ဘာလတွင် UFC Fight Pass မှာ Fury FC Flyweight ဖလိုင်းဝိတ် ချန်ပီယံရှစ်ကို အနိုင်ရဖို့အတွက် ကလိဗ်လန် မက်ခ်လန်းကို submission နဲ့အနိုင်ရခဲ့ပါတယ်။
သူ့ကိုယ်သူ ကစ်ဘောက်စ်သမားလို့ ဖော်ပြတဲ့ ဗန်က တခြား ထိပ်တန်း အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကနေ သီးခြားဖြစ်သွားတာက သူ့ရဲ့ အတွေးအခေါ်လို့ ပြောပါတယ်။
“ထိပ်တန်း အလားအလာရှိသူတွေ အားလုံးနဲ့ မတူအောင် ကျနော့်ကို ကွဲပြားစေတာကတော့ ထိုးသတ်ပွဲတွေကို နှစ်သက်တာလို့ ထင်ပါတယ်။” လို့ ဗန်က ဆိုပါတယ်။ "ကျနော် အလုပ်ကြိုးစားတယ်၊ ပြီးတော့ ကျနော့်မှာ ရှိတဲ့ စည်းကမ်းက ကျနော့်ကို တခြားလူငယ် တိုက်ခိုက်ရေးသမားတွေနဲ့ သီးခြားဖြစ်သွားစေတာပါပဲ။"
ဗန်ဟာ တက္ကဆပ်မှာ နေထိုင်ပေမယ့်လည်း မြန်မာနိုင်ငံက ဖြစ်ပါတယ်။ သူဟာ အာရှမှာ ဇာစ်မြစ်ဖြစ်နေတဲ့အတွက် များစွာ ဂုဏ်ယူနေပြီး သူဟာ မြန်မာရဲ့ ပထမဆုံး UFC ချန်ပီယံ ဖြစ်လာဖို့ အိပ်မက် မက်နေပါပါတယ်။
“မကြာခင် ကမ္ဘာက ချင်း၊ မြန်မာအကြောင်း သိလိမ့်မယ်”လို့ ဗန်က ပြောပါတယ်။ "ဒါတွေအားလုံးပြောပြီးပြီးတဲ့အခါ ကျနော်က အချိန်တိုင်း ကြီးကျယ်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် အမှတ်ရနေချင်ပါတယ်။"
ဗန်ဟာ Fury FC မှာ ချန်ပီယံဖြစ်ရတာအတွက် ဂုဏ်ယူပေမယ့်လည်း သူရဲ့ နောက်ထပ်ထိုးသတ်မှုဟာ အထင်ကရ UFC ရဲ့ Octagon မှာလို့ မျှော်လင့်ထားပါတယ်။
"ကျနော်ဟာ UFC အတွက် အဆင်သင့်ဖြစ်နေပါပြီ"လို့ ဗန်က ဆိုပါတယ်။ “ကျနော့်ရဲ့ နောက်ပွဲ UFC မှာဆိုရင် ကျနော် ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။ ထိပ်တန်းဖိုင်တာတွေနဲ့ ထိုးသတ်ဖို့ ကျနော်မှာ အတွေ့အကြုံရှိတယ်လို့ ကျနော် ထင်ပါတယ်။”
Ref; FightBook MMA