တယ်လီနော ဖုန်းနံပါတ်အလှများ 'ဒုတိယအကြိမ် လေလံတင်ပွဲပြုလုပ်မည်

တယ်လီနော ဖုန်းနံပါတ်အလှများ 'ဒုတိယအကြိမ် လေလံတင်ပွဲပြုလုပ်မည်
ဓာတ်ပုံ-မဇ္စျိမ

ရန်ကုန်၊ မတ် ၁၈ ။          ။ တယ်လီနောမြန်မာလီမိတက်က ၎င်း၏ ဒုတိယအကြိမ်မြောက်လေလံပွဲကို မန္တလေးမြို့တွင် မတ် ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်ကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ လှူဒါန်းသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာက ထုတ်ပြန်ကြေညာသည်။

လေလံတင်ရာတွင် ၀၉၇၇၊ ၀၉၇၉ နှင့်စသည့် အထူးနံပါတ် ၁၀၀ကိုလေလံတင်သွားမည်ဖြစ်ပြီး နံပါတ်အားလုံးအတွက်ကြမ်းခင်းဈေးကို သိန်း ၃၀ကျပ် သတ်မှတ်ထားသည်။

လေလံပွဲမှ ရရှိလာသည့် အကျိုးအမြတ်များကို ကွမ်းခြံကုန်းမြို့နယ်ရှိမြတ်လေးရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းဆောင်သစ်တစ်ခုနှင့်ဒစ်ဂျစ်တယ် ပညာသင်ကြားရေးစင်တာတစ်ခု   ဆောက်လုပ်ပေးမည်ဖြစ်သည်။

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က“ပထမအကြိမ်လေလံပွဲမှာ တယ်လီနောသုံးစွဲသူတွေဆီက အကူအညီအထောက်အပံ့အများကြီး ရခဲ့ပါတယ်။ လေလံပွဲကနေပြီး ငွေကျပ် သိန်း ၃၁၈၃ သိန်းကို  ၂၀၁၆ခုနှစ်အတွင် myME အကောင်အထည်ဖော်မယ့် ဒစ်ဂျစ်တယ် ပညာရေးစီမံကိန်းမှာအသုံးပြုဖို့ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်သုံးစွဲသူတွေက နံပါတ်လှတွေကိုပဲ စိတ်ဝင် စားရုံမက လူထုအဖွဲ့အစည်းကိုအထောက်အကူပြုဖို့  အရမ်းကိုသဘောကျကျေနပ်တယ်ဆိုတာ မြင်နိုင်ပါတယ်။”ဟုပြောသည်။

တယ်လီနောမြန်မာ လူမှုရေးအကျိုးပြုဌာနမှူး ဦးမင်းသူက “လေလံပွဲက ရတဲ့အကျိုးအမြတ်နဲ့ ကျောင်းဆောင်သစ်တစ်ခု ဆောက်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်အဲဒီဒေသက ကလေးငယ်တွေရဲ့ ပညာရေးအဆင့်အတန်းမြင့်မားဖို့နဲ့ကျောင်းမှာ ရှိတဲ့ အထောက်အပံ့ပစ္စည်းများ တွေပိုတိုးတက်လာစေဖို့ဒစ်ဂျစ်တယ်ပညာရေးနဲ့ ရင်းနှီးစေမယ့်စင်တာတစ်ခုကို လည်းထည့်သွင့်သွားမှာ   ဖြစ်ပါတယ်။”ဟု ပြောသည်။

အထူးနံပါတ်များမှာ ၀၉ ၇၉ ၉၉၉၉၉၉၉၊  ၀၉ ၇၇ ၇၇၇၇၇၇၀ ၊ ၀၉ ၇၉ ၉၀၀၀၀၀၀ စသည်နံပါတ်များဖြစ်ပြီး လေလံပွဲနှင့် ပတ်သက်သည့် လုပ်ငန်းအဆင့်ဆင့်ကို MNAssociates က ကူညီစီစစ်ပေးမည်ဖြစ်ပြီး Deloitte Touche Myanmar, Vigour Advisory Ltd မှ အကဲဖြတ် ကြည့်ရှုပေးမည်ဖြစ်သည်။

လေလံပါဝင်ဆွဲလိုသူအနေဖြင့် အမည်၊လိပ်စာ၊ အီးမေလ် မှတ်ပုံတင်၊ ကုမ္ပဏီအမည်၊ ဘဏ်စာရင်း အသေးစိတ်အချက်အလက်များဖြင့် [email protected]ကိုမေးလ်ပို့၍ဖြစ်စေ ၀၉၇၉၇၀၀၀၀၉၇ သို့ ဆက်သွယ်၍ဖြစ်စေ စာရင်းသွင်းရမည်ဖြစ်သည်။

စာရင်းပေးသွင်းခြင်းကို ၂၀၁၆ ခုနှစ် မတ်လ ၂၁ရက်နေ့နောက်ဆုံးထားကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီး လေလံပွဲကို တက်ရောက်နိုင်ရန် တယ်လီနောက ပြန်လည်အကြောင်းကြားပေး သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly