The Best ဖီဖာအကောင်းဆုံးဆုကို မက်ဆီက အမ်ဘာပေကို ကျော်ဖြတ်ပြီး ဆွတ်ခူး၊ အမျိုးသမီးဆုကို ပူတဲလက်စ် ဆက်လက်သိမ်းပိုက်

The Best ဖီဖာအကောင်းဆုံးဆုကို မက်ဆီက အမ်ဘာပေကို ကျော်ဖြတ်ပြီး ဆွတ်ခူး၊ အမျိုးသမီးဆုကို ပူတဲလက်စ် ဆက်လက်သိမ်းပိုက်
Photos: EPA

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုအပြီး တနင်္လာနေ့က ပါရီမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ၂၀၂၂ ခုနှစ်အတွက် The Best ဖီဖာအမျိုးသားကစားသမားဆုကို ရရှိခဲ့ပြီး စပိန်ရဲ့ အလက်ဆီယာ ပူတဲလက်စ်က အမျိုးသမီးဆုကို ဆက်လက်ရယူခဲ့ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ပဲရစ်စိန့်ဂျာမိန်း အသင်းဖော်နဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြိုင်ဘက် အမ်ဘာပေ၊ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။

ဘလွန်းဒီအော် စီစဉ်သူ France Football ကနေ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ခွဲထွက်ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဖီဖာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုကို မက်ဆီက ဒုတိယအကြိမ် ရရှိတာဖြစ်ပါတယ်။

လက်ရွေးစင်နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြတဲ့ ဒီဆုကို ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားမှာ အောင်ပွဲခံနိုင်စေဖို့ ဦးဆောင်ပေးတာကြောင့် သူ့ရဲ့ အောင်မြင်တဲ့ ကစားသမားဘဝ သရဖူဆောင်းခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ကြောင်း အသိအမှတ်ပြုတာဖြစ်ပါတယ်။

မက်ဆီဟာ ဒိုဟာက ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ပြင်သစ်ကို ပင်နယ်တီဖြင့် အနိုင်ရပြီး အမ်ဘာပေက လီစ်ဘလက်စ်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပေမယ့် ၃-၃ ဂိုးနဲ့ သရေကျကာ အဲဒီပွဲမှာ မက်ဆီက ၂ ဂိုးသွင်းခဲ့ပါတယ်။

အမ်ဘာပေဟာ မက်ဆီထက် တစ်ဂိုးအသာ ၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပေမယ့်လည်း သူဟာ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားအတွက် ရွှေဘောလုံးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"အရမ်းရုန်းကန်တိုက်ပွဲဝင်ခဲ့ရတဲ့ ကျနော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဒီနှစ်ဟာ ကျနော့်အတွက် ရူးသွပ်စရာဖြစ်ခဲ့တာပါ။ နောက်ဆုံးတော့ ကျနော် ရခဲ့ပြီး ဒါဟာ ကျနော့် ကစားသမားဘဝတစ်လျှောက်မှာ အလှပဆုံးဖြစ်ခဲ့တယ်"လို့ မက်ဆီက သူ့ဆုကို ရယူရင်း သူ့ရဲ့ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

"ဒါဟာ ဘောလုံးသမားတိုင်းအတွက် အိပ်မက်တစ်ခုပါ၊ ဒါပေမယ့် အလွန်နည်းငယ်တဲ့ အရာက တကယ်ဖြစ်လာအောင် လုပ်နိုင်ပါတယ်"လို့ အမ်ဘာပေနဲ့ သူ့ဇနီး Antonella Roccuzzo တို့ကြားက ပါရစ်ပြဇာတ်ရုံမှာ ထိုင်နေခဲ့တဲ့ မက်ဆီက ဖြည့်စွတ်ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ အမ်ဘာပေနဲ့အတူ ပီအက်စ်ဂျီကို ဦးဆောင်ကာ လီဂူး-၁ မှာ မာဆေးလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ၂၄ နာရီအကြာ သူဟာ ဒီဆုကို ရယူခဲ့ပါတယ်။

Fifpro men's world XI:
ဂိုး - ကော်တိုရစ်
နောက်တန်း - ဟာခီမီ၊ ဗန်ဒိုက်၊ ကန်ဆယ်လို
ကွင်းလယ် - ဒီဘရိုင်းနား ၊ လူကာမိုဒရစ် ၊ ကက်စမဲရိုး
ရှေ့တန်း - မက်ဆီ ၊ ဘာပေ ၊ ဘန်ဇီးမား ၊ ဟာလန်း

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required