ဂျီနီဗာမှာပြုလုပ်မယ့်အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

ဂျီနီဗာမှာပြုလုပ်မယ့်အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာပြုလုပ်ဖို့ရှိနေတဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့(GANHRI)ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက အိတ်ဖွင့်စာပို့ပြီး တောင်းဆိုလိုက်ပါတယ်။
လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်ရေးဆိုင်ရာအရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့-မြန်မာ (ANNI) အနေနဲ့ GANHRI အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ကာတာနိုင်ငံရဲ့လူ့အခွင့်ရေးကော်မရှင်ဥက္ကဋ္ဌဆီကို အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့တာပါ။
ဂျီနီဗာမြို့မှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပဖို့ရှိနေတဲ့ အဆိုပါအစည်း အဝေးကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

#လူ့အခွင့်အရေး
#မြန်မာစစ်ကောင်စီ
#အစည်းအဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required