ရဲတပ်ကြပ်(၁)ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင် 

By ပါခွီး
26 February 2023
ရဲတပ်ကြပ်(၁)ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင် 

ချင်းပြည်နယ်၊ဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးသည်  လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha တပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၂၆ရက် ယနေ့တွင် ထုတ်ပြန်သည်။

 
ရဲတပ်ကြပ်တစ်ဦးသည် G3 သေနတ်တစ်လက်၊ ကျည်အိမ်လေးခု၊ကျည်ဆန်အချို့ယူဆောင်လာပြီး  ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းCDF – Hakhaထုတ်ပြန်ထားသည်။ 

အဆိုပါ ရဲတပ်ကြပ်အား ချီးမြှင့်ငွေ ၃၀၀၀၀၀၀ (သိန်းသုံးဆယ်) ကို ပေးအပ်ပြီး လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ 

ဖေဖော်ဝါရီလ ၂၀ရက်နေ့ကလည်း ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ တပ်သားနှစ်ဦးသည် MA 3 သေနတ်တစ်လက် ၊ MA 1သေနတ်တစ်လက် ၊ ကျည်ဆံ ၊ ဗုံးသီးများနှင့်အတူ CDF – Hakha တပ်ဖွဲ့သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ 

CDF – Hakah ထံသို့ ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့မှ အလင်းဝင်ရောက်လာသူ စုစုပေါင်း ၄၀ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ 

စာတည်း - မောင်ကြီး 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required