အမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့သို့  မြန်မာ့အရေး တောင်းဆို ဆန္ဒပြချီတက် 

အမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့သို့  မြန်မာ့အရေး တောင်းဆို ဆန္ဒပြချီတက် 

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက ယနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းက မြန်မာ့အရေး တောင်းဆိုချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြတောင်းဆိုသူများက မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန်၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့ကြသည်။
ဝါရှင်တန်ဒီစီ ဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်အတူ နယူးယောက် အင်ဒီယားနား မေရီလန်း ဗာဂျီးနီးယား မြောက်ကယ်ရိုလိုင်းနား တင်နက်စီ ကင်တက်ကီ အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ပြည်နယ်အများအပြားမှ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြ ချီတက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီမှ ညနေ ၅နာရီထိကျင်းပခဲ့ပြီး ချီတက်ပွဲနှင့်အတူ No Fly Zone သရုပ်ပြ အစီစဉ်များကိုလည်း ထည်သွင်းကျင်းပခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required