စစ်ကောင်စီက တရုတ်ကို မြေရှားသတ္ထု ဒေါ်လာသန်း ၄၀၀ကျော် တင်ပို့ခဲ့တယ်လို့ ISPထုတ်ပြန် (ရုပ်သံ)

By လင်းသူရိန်(မဇ္ဈိမ)
25 February 2023
စစ်ကောင်စီက တရုတ်ကို မြေရှားသတ္ထု ဒေါ်လာသန်း ၄၀၀ကျော် တင်ပို့ခဲ့တယ်လို့ ISPထုတ်ပြန် (ရုပ်သံ)

၂၀၂၂ခုနှစ်ဧပြီလကနေ နိုဝင်ဘာလအထိ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံကြား မြေရှားသတ္ထုတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ကျော် ရှိခဲ့တယ်လို့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာထုတ်ပြန်တဲ့ Institute for Strategy and Policy Myanmar ရဲ့ တရုတ်အစိုးရနဲ့ စစ်ကောင်စီအကြား ကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်းကွာဟချက် အစီရင်ခံစာမှာ ထုတ်ပြန်ပါတယ်။

တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)ရဲ့ အချက်အလက်တွေကို အခြေခံပြီး ကောက်ခံထားတာပါ။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ကာလအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္ထု ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာသန်း ၄၀၀ကျော်ရှိခဲ့ပြီးတော့ လစဉ်အမေရိကန်ဒေါ်လာ၂၅သန်းကနေ သန်း ၁၀၀ထိတင်ပို့ခဲ့တာဖြစ်ပါတယ်။

ရုပ်သံ
တည်းဖြတ်၊ တင်ဆက်- လင်းသူရိန်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly