“လူထုကို အခြေပြု တပ်ပေါင်းစုကို ပုံဖော်”  ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်

By ပါခွီး
24 February 2023
“လူထုကို အခြေပြု တပ်ပေါင်းစုကို ပုံဖော်”  ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရက်ပေါင်း ၇၁၅ ရက်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂၄ရက် ယနေ့တွင် ဆက်လက်ချီတက်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည်“လူထုကို အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် စာတန်း ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော် သံများ ဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်သူရဲကောင်း အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required