စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၌ငွေကြေးတောင်းခံမှုပိုမိုဆိုးရွားလာ၍ထိုင်း-မြန်မာကုန်သွယ်မှုနှောင့်နှေး

23 February 2023
စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၌ငွေကြေးတောင်းခံမှုပိုမိုဆိုးရွားလာ၍ထိုင်း-မြန်မာကုန်သွယ်မှုနှောင့်နှေး

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်မှု နှောင့်နှေး
ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ဘားအံ အာရှလမ်းမကြီးတလျှောက်မှာ စစ် ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာတယ်လို့ ကုန်သည်တွေနဲ့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မြဝတီ-ဘားအံအာရှလမ်းမကြီးမှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံ ခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားပြီး ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေအပေါ် ငွေကြေးအဆမတန် တောင်းယူတာတွေ လုပ်ဆောင်နေတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ အာရှလမ်းတစ်လျှောက်မှာ နယ်ခြားစောင့်တပ်  BGF စစ်ဆေးရေးဂိတ်တွေကို တိုးချဲ့ဖွင့်လှစ်ခွင့်ပေးအပ်ထားပြီး အရင်ကထက် ငွေကြေး (၂)ဆ တောင်းခံမှုတွေရှိသလို သူတို့ တောင်းသလောက် ကားသမားတွေအနေနဲ့ မဖြစ်မနေပေးဆောင်နေရတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
မြဝတီ-ဘားအံ-မော်လမြိုင် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ် ၂၀ ထက်မနည်း ဖွင့်လှစ်ထားသလို စစ်ဆေးရေးဂိတ်တွေအပေါ် မူတည်ပြီး ကားတစ်စီးကို ကျပ် ၂၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ပေးဆောင်နေရတာပါ။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှုတွေ များလာတဲ့အတွက် ကုန်ပစ္စည်း သယ်ယူပို့ ဆောင်တဲ့နေရာမှာ အရင်ကထက် ကုန်ကျစရိတ်ပိုမိုများပြားလာသလို စက်သုံးဆီဈေးနှုန်းမြင့်တက် နေတာကြောင့်လည်း ဈေးကွက်အတွင်း ကုန်ပစ္စည်းဈေးနှုန်း ပိုမိုမြင့်တက်လာတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ရန်ကုန် - မြဝတီလမ်းပိုင်းတွင် စစ်ဆေးရေးများ ကြန့်ကြာနေမှုကြောင့် ကုန်စည်စီးဆင်းအပေါ် သက်ရောက်မှု ကြီးမားနေသလို ကုန်စည်တင်ပို့မှုများ နှောင့်နှေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
ယခင်က ကုန်တင်ကားများအနေဖြင့် တစ်ပတ်လျှင် ရန်ကုန် - မြဝတီကို ၂ ခေါက်ခန့် ပြေးဆွဲ၍ ရသော်လည်း လက်ရှိတွင် စစ်ဆေးရေးများတွင် အချိန်ကြာမြင့်နေမှုကြောင့် ၁ ခေါက်သာ ရရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မှ တဆင့် မြဝတီသို့ တင်ပို့ရန် ကုန်ကားငှားရမ်းမှုတွင် အခက်အခဲဖြစ်နေသည့်အတွက် ကုန်သွယ်ရေးမှာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အာရှလမ်းမကြီးကိုအသုံးပြုပြီး မြဝတီကုန်သွယ်ရေးဇုန်ကနေ မြန်မာနိုင်ငံကို စား သောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ကာ မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲ၊ ရေ ထွက်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required