မြန်မာနိုင်ငံ၏ အောင်မြင်သော သမိုင်းဝင်ဒီမိုကရေစီဖြစ်စဉ်အဖြစ် သမ္မတသစ် တင်မြှောက်မှုအပေါ် မလေးရှားဝန်ကြီးချုပ် ချီးကျုးဂုဏ်ပြု

မြန်မာနိုင်ငံ၏ အောင်မြင်သော သမိုင်းဝင်ဒီမိုကရေစီဖြစ်စဉ်အဖြစ် သမ္မတသစ် တင်မြှောက်မှုအပေါ် မလေးရှားဝန်ကြီးချုပ် ချီးကျုးဂုဏ်ပြု

သမိုင်းဝင်ဒီမိုကရေစီလုပ်ငန်းစဉ်အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကြသည့် မြန်မာပြည်သူများအား မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ဂုဏ်ယူချီးမွှမ်းစကား ပြောကြားခဲ့သည်။

"ကျွန်တော်အနေနဲ့ မြန်မာသမ္မတ ဦးထင်ကျော်နှင့်အတူ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး ထက်တိုးခိုင်မြဲအောင် ရင်းနှီးစွာ တည်ဆောက်သွားပါမယ်။ ကျွန်တော်တို့ရဲ့ အာဆီယံလုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွ အာဆီယံအသိုက်အဝန်း၏ ပန်းတိုင်ကို ဖော်ဆောင်ပြီး ကျွန်တော်တို့ ပြည်သူများ အကျိုးစီးပွားကို ဖော်ဆောင်သွားကြပါမယ်။"ဟု ဝန်ကြီးချုပ် နာဂျစ်က ၎င်း၏ ဖေ့ဘုတ်တွင် မတ် ၁၆ ရက်က ရေးသားဖော်ပြခဲ့သည်။

စစ်အုပ်ချုပ်မှု နှစ် ၅၀ ကျော်ကြာ မြန်မာနိုင်ငံတွင် ပထမဆုံးအရပ်သားသမ္မတအဖြစ် ဦးထင်ကျော်အား ရွေးကောက်တင်မြှောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းတွင်လည်း ဖော်ပြထားသည်။

လွှတ်တော်တွင် သမ္မတရွေးကောက်တင်မြှောက်မှု၌ ဆန္ဒမဲ ၆၅၂ မဲတွင် ၃၆၀ မဲရလဒ်ဖြင့် မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly