ရွေးကောက်ခံသမ္မတသစ်ဦးထင်ကျော်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဂုဏ်ပြု

ရွေးကောက်ခံသမ္မတသစ်ဦးထင်ကျော်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဂုဏ်ပြု

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံတွင် ရွေးကောက်ခံ သမ္မတသစ် ဦးထင်ကျော်အား ဂုဏ်ပြုစကား ပါးလိုက်သည်။

"ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား ကျွန်တော်ကိုယ်တိုင် ကိုယ်စားပြုလျက် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် တင်မြှောက်ခံရသည့် အဆွေတော်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါကြောင်း။" မတ် ၁၆ ရက်က သတင်းဌာနများသို့ ထုတ်ပြန်သည့် ဂုဏ်ပြုစကားတွင် ဟွန်ဆန်က ပြောကြားထားသည်။

"ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံကြား ဖြစ်တည်နေသည့် ရေရှည်ရင်းနှီးသည့် ဆက်ဆံရေးက ယခုထက်ပိုကာ တိုးတက်ခိုင်မာလာပြီး  နိုင်ငံချင်း၊ နှစ်ပြည်ထောင် ပြည်သူများချင်း အပြန်အလှန် အကျိုးကျေးဇူးများ နက်ရှိုင်းလာမည်ဖြစ်သလို အာဆီယံအသိုက်အဝန်းအတွက်လည်း ပိုမိုအားကောင်းလာစေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း"လည်း ဖြည့်စွက်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly