ဘင်္ဂလားဒေ့ရှ်တွင် တိဗက်လွတ်လပ်ရေး တောင်းဆိုကာ  တရုတ်ကို ဆန့်ကျင် ဆန္ဒပြ 

By ANI
18 February 2023
ဘင်္ဂလားဒေ့ရှ်တွင် တိဗက်လွတ်လပ်ရေး တောင်းဆိုကာ  တရုတ်ကို ဆန့်ကျင် ဆန္ဒပြ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဆန္ဒဖော်ထုတ်သူများသည် တရုတ်လက်အောက်မှ တိဗက်လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ကြကာ တရုတ်ကို ဖိအားပေးကြရန် ကမ္ဘာ့အသိုက်အဝန်းကို တောင်းဆိုလိုက်သည်။

ဆန္ဒပြသူများသည် ဒါကာရှိ ရှားဘက်အမျိုးသားပြတိုက်ရှေ့တွင် မူခ်တီဂျိုဒါမန်ချာ လူမှုရေးအဖွဲ့၏ ဦးဆာင်မှုဖြင့် လူစုလူဝေးပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် “လူ့အခွင့်အရေးချိုးဖောက်သော တရုတ်၊ တိဗက်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းမဟုတ်၊ တိဗက်ကို လွတ်မြောက်ခွင့်ပေး၊ တရုတ် ထွက်သွား” ဟူသော စာတမ်းများ ကိုင်ဆောင်ထားသည်။

တိဗက်၏ ၁၃ ဆက်မြောက် ဒလိုင်းလားမားက လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့သည့် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ကို တိဗက်များက လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။
တရုတ်နိုင်ငံက ၁၉၅၉ ခုနှစ် မတ်လတွင် တိဗက်ကို သိမ်းပိုက်ခဲ့ပြီး ထိုအချိန်မှစ၍ တိဗက်လူမျိုးများသည် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရသည်။

ပိုမိုဆိုးဝါးလာသော တရုတ်တို့၏ ရက်စက်ယုတ်မာမှုများကြောင့် တိဗက်လူမျိုး အများအပြားသည် တိဗက်မှ ပြောင်းရွှေ့ကာ ကမ္ဘာ့နေရာအနှံ့အပြားတွင် ခိုလှုံနေကြရသည်။ တိဗက်လူမျိုးများသည် ဒေသလွတ်မြောက်ရေး တောင်းဆိုနေကြသလို တရားမျှတမှုအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ  အရေးတကြီး ကြားဝင်ဆောင်ရွက်ပေးမှုရရန်လည်း ကြိုးပမ်းနေကြသည်။ 

ဒါကာတွင်ပြုလုပ်သော ချီတက်ဆန္ဒပြပွဲသည် တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရန် ဘင်္ဂလားဒေ့ရှ်ထောက်ခံမှုကို ပြသလိုက်ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly