သမ္မတရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်စကားပြော

သမ္မတရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်စကားပြော

ဆယ်စုနှစ်များစွာအတွင်း နိုင်ငံတွင် ပထမဆုံးအရပ်သားသမ္မတအား ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ထားသူကို လွှတ်တော်က တင်မြှောက်လိုက်နိုင်ပြီးနောက် ပထမဆုံး မှတ်ချက်စကားအဖြစ် ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဝိုင်းဝန်းထောက်ခံပေးသူများအား ကျေးဇူးတင်ကြောင်း ပြောကာ အနာဂတ်အတွက် မျှော်လင့်ချက်ပွင့်လန်းလာခြင်းအဖြစ် မှတ်ချက်ပြုပြောကြားသည်။

လွှတ်တော်တွင် ဦးထင်ကျော်အား ဝိုင်းဝန်းထောက်ခံကာ သမ္မတတင်မြှောက်လိုက်ခြင်းအတွက် NLD ပါတီမှ အမတ်များအတွက် ဂုဏ်ယူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုပြင် မျိုးဆက်နှစ်များအတွင်း အလွတ်လပ်ဆုံးဖြစ်ခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲ၌ ပါတီကို အနိုင်ရအောင် မဲပေးရွေးချယ်ခဲ့ကြသည့် ပြည်သူ သန်းပေါင်းများစွာကိုလည်း ကျေးဇူးတင်စကား ထည့်သွင်းပြောကြားသည်။

"ကျွန်မအနေနဲ့ NLD ရဲ့ လုပ်ဆောင်ချက်များအပေါ် ကြာရှည်မြင့်စွာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထောက်ခံပေးနေခဲ့တဲ့ ကျွန်မရဲ့ ပြည်သူတွေကို ဘယ်လိုကျေးဇူးတင်ကြောင်း ဖော်ပြရမလဲဆိုတာတောင် ကျွန်မ မသိတော့ပါဘူး။ ပြည်သူများနဲ့အတူ လက်တွဲပြီး စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။"ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးထင်ကျော်ကလည်း မီဒီယာများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲအဖြစ် သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly