အာဖဂန်နစ္စတန်ရှိ တရုတ်နှင့် အိန္ဒိယသံရုံးများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အိုက်အက်စ်အဖွဲ့ ခြိမ်းခြောက် 

By The Straits Times
16 February 2023
အာဖဂန်နစ္စတန်ရှိ တရုတ်နှင့် အိန္ဒိယသံရုံးများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အိုက်အက်စ်အဖွဲ့ ခြိမ်းခြောက် 

အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော် (ISIS) စစ်သွေးကြွအဖွဲ့များက အာဖဂန်၏ သံတမန်ရေးရာ မဟာမိတ်များဟုယူဆထားသည့် လက်တစ်ဆုပ်စာနိုင်ငံများနှင့် တာလီဘန်ကို ခွဲထုတ်ရန် ကြိုးပမ်းမှုအဖြစ် အာဖဂန်နစ္စတန်ရှိ တရုတ်၊ အိန္ဒိယနှင့် အီရန်သံရုံးများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

အာဖဂန်နစ္စတန်ရှိ အိုက်အက်စ် အဖွဲ့ခွဲသည် တာလီဘန်များနှင့် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများကြား ဆက်ဆံရေးကို ပျက်ပြားစေရန် ကြိုးပမ်းလျက်ရှိသည် ဟု အဆိုပါအဖွဲ့၏လှုပ်ရှားမှုများဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
အာဖဂန်နစ္စတန်ရှိ လူနေထူထပ်သော ဒေသများတွင် အကြီးစား တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် စစ်သွေးကြွများသည် တာလီဘန်များအတွက် အဆိုးရွားဆုံး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများထဲတွင် ပါဝင်သည်။ 

အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ မကြာသေးမီက ခြိမ်းခြောက်မှုများကြောင့် ဆော်ဒီအာရေဗျသည် ကဘူးလ်ရှိ သံရုံးကို ဖေဖော်ဝါရီ ၂ ရက်တွင် ပိတ်ပစ်ခဲ့ပြီး သံရုံးဝန်ထမ်းများကို ပါကစ္စတန်သို့ ရွှေ့ပြောင်းကယ်ထုတ်ခဲ့သည်။ 

ကဘူးလ်မြို့ရှိ အိန္ဒိယသံရုံးသည် အပြည့်အဝ လည်ပတ်မှုမရှိသေးသော်လည်း အာဖဂန်ပြည်သူများအတွက် အိန္ဒိယ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရန် ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

နိုင်ငံတကာဆက်ဆံရေး ပြန်လည်ထူထောင်ရန်နှင့် ယိုင်နဲ့နေသော စီးပွားရေးကို မြှင့်တင်နိုင်ရေး တရားဝင်မှုရရှိရန် ကြိုးပမ်းနေသော တာလီဘန်အတွက် အဆိုပါ ခြိမ်းခြောက်မှုသည် ဆုတ်ယုတ်မှုကြီးတစ်ခု ဖြစ်သည်။ 

အာဖဂန်နစ္စတန်တွင် အဆိုပါ စစ်သွေးကြွအဖွဲ့၏ လက်ရှိအင်အားမှာ ၆ ၀၀၀ အထိ ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကူနာ၊ နန်ဂါဟာနှင့် နူရစ္စတန် ပြည်နယ်များသည် ၎င်းတို့၏ အမာခံနယ်မြေများဖြစ်ကာ အဆိုပါပြည်နယ်အားလုံးသည် အိမ်နီးချင်းပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်သွေးကြွများသည် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာဖဂန်နစ္စတန်တို့မှ လက်နက်ငယ်များနှင့် အပေါ့စားလက်နက်များအပါအဝင် လက်နက်စနစ်အမျိုးမျိုးဖြင့် ပြည်ပစစ်ဆင်ရေးများ လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly