အာဖဂန်နစ္စတန်တွင် လူပေါင်း ၆ သန်း အငတ်ဘေးဆိုက်မည့် အန္တရာယ်ကြုံနေရဟု ကုလသမဂ္ဂ သတိပေး

By ANI 
15 February 2023
အာဖဂန်နစ္စတန်တွင် လူပေါင်း ၆ သန်း အငတ်ဘေးဆိုက်မည့် အန္တရာယ်ကြုံနေရဟု ကုလသမဂ္ဂ သတိပေး

အာဖဂန်နစ္စတန်သည် နိုင်ငံရေးမငြိမ်သက်မှုများအကြား  အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကိုပါ ဆက်ရင်ဆိုင်နေရသည့်အတွက် အာဖဂန်လူဦးရေ ၃ ပုံ၂ ပုံသည် ဆိုးရွားလှသည့် အငတ်ဘေးကြုံတွေ့နေကာ အကူအညီများ အရေးပေါ်လိုအပ်နေပြီး လူပေါင်း ၆ သန်းမှာ အငတ်ဘေးဆိုက်မည့် အခြေအနေရှိကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီလ ၆ ရက်က သတိပေးလိုက်သည်။ 

အာဖဂန်နစ္စတန်တွင် ဖြစ်ပွားနေသည့် စီးပွားရေးအကျပ်အတည်းကြောင့် လူပေါင်း ၆ သန်းထက်မနည်းသည် အငတ်ဘေးဆိုက်မည့် အန္တရာယ်ရှိနေသောကြောင့် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများကို မေ့မထားဘဲ အကူအညီပေးကြရန် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ဒုတိယအမှုဆောင်ဒါရိုက်တာ အိုမာအဘိဒ်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ 

ကုလသမဂ္ဂ၏ လူဦးရေစာရင်းဆိုင်ရာ နောက်ဆုံးအချက်အလက်များအရ အာဖဂန်နစ္စတန်၏ လက်ရှိလူဦးရေမှာ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်အထိ ၄၁ ၂၀၁ ၇၆၂ ဦးရှိသည်။ 

အာဖဂန်နစ္စတန်ရှိ အားကိုးရာမဲ့ နိုင်ငံသားများက ကယ်ဆယ်ရေးအဖွဲ့များထံမှ အကူအညီများ တောင်းခံထားစဉ်မှာ ကုလသမဂ္ဂက အာဖဂန်၏လူဦးရေးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အာဖဂန်နစ္စတန်၏ အခြေအနေကို အလေးမထားလျှင် ကပ်ဘေးဆိုက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များကို ကိုးကား၍ TOLOnews သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအများစု၏ အသိအမှတ်ပြုမှု မရရှိသေးသည့် တာလီဘန်အစိုးရသည် လူ့အခွင့်အရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားလိုက်မှုခြင်း မရှိပေ။ တာလီဘန်များ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးချိန်မှစ၍ နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားလာခဲ့သည်။ ပြည်သူများသည် မရှိမဖြစ်လူသုံးကုန်ပစ္စည်များရှားပါးမှုကို ကြုံတွေ့နေရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိပေ။

တာလီဘန်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီး ၁၀ လအတွင်း ချမှတ်ခဲ့သည့် ကန့်သတ်ချက်အများကြောင့် အာဖဂန်အမျိုးသမီးများသည် မျှော်လင့်အားရဖွယ်မရှိသည့် အနာဂတ်ကို လျှောက်လှမ်းနေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required