"ပဒိုမန်းရှာ လုပ်ကြံခံရမှုဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ဆုံးရှုံးမှု ဖြစ်တယ်"  (အင်တာဗျူး) 

By နောင်နောင် (မဇ္ဈိမ) 
14 February 2023
"ပဒိုမန်းရှာ လုပ်ကြံခံရမှုဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ဆုံးရှုံးမှု ဖြစ်တယ်"  (အင်တာဗျူး) 

မြန်မာစစ်အစိုးရလက်ထက်က ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာစစ်အစိုးရတို့အကြား စေ့စပ်မှုတွေမှာ သဘောထားတင်းမာပြီး ဆုံးဖြတ်ချက် ပြတ်သားသူလို့ လူသိများတဲ့ ပဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ထိုင်းနိုင်ငံ- မဲဆောက်မြို့က နေအိမ်မှာ လုပ်ကြံခံခဲ့ရပါတယ်။ 

KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာဟာ မဲဆောက်မြို့က သူ့ရဲ့နေအိမ်မှာ ကရင်စကားပြောတဲ့ သေနတ်သမားနှစ်ဦးရဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

၂၀၂၃ ‌ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ ဒီကနေ့မှာ ကျရောက်တဲ့ ပဒိုမန်းရှာ ကျဆုံးမှု (၁၅) နှစ်မြောက် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် ကရင်သတင်းဌာနတစ်ခုဖြစ်တဲ့ ကရင်သတင်းစဉ် (KIC) ရဲ့ အယ်ဒီတာချုပ် နန်းဖောကေကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required