ဆက်လက်ချီတက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်

By ပါခွီး
14 February 2023
ဆက်လက်ချီတက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍  စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြပွဲ ရက်ပေါင်း ၇၀၆ ရက်မြောက်အဖြစ် ဖေဖော်ဝါရီလ ၁၄ရက် ယနေ့တွင် ဆက်လက်ချီတက်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကိုချေမှုန်းကြ”  ဆိုသည့် စာတန်း ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ကျဆုံးခဲ့ရသော အာဇာနည်များကို အလေးပြုခြင်း ၊ သွေးသစ္စာတေးသီချင်းကို သံပြိုင်သီဆို၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required