တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ရန်လိုသည့်အပြုအမူများကို ဖိလစ်ပိုင် စိုးရိမ်

By ANI 
13 February 2023
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ရန်လိုသည့်အပြုအမူများကို ဖိလစ်ပိုင် စိုးရိမ်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက စိုးရိမ်စရာအကောင်းဆုံးကိစ္စမှာ တရုတ်က ဖိလစ်ပိုင်နယ်မြေကို တောင်းဆိုနေခြင်းဖြစ်ကြောင်း ဒါဗို့စ်မြို့တွင် ပြုလုပ်သည့် ကမ္ဘာစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပြီး  တောင်တရုတ်ပင်လယ်ကို စိုးမိုးရန် တရုတ်၏ အတောမသတ်နိုင်သော တောင်းဆိုမှုများက ထပ်တူတောင်းဆိုနေကြသည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းအပါအဝင် အခြားနိုင်ငံများကို ဒေါသထွက်စေကြောင်း Hong Kong Post  သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်ရေပိုင်နက်အတွင်းရှိ ပိုင်ရှင်မဲ့ကျွန်းများအပါအဝင် တောင်တရုတ်ပင်လယ်တွင် တရုတ်က လှုပ်ရှားမှု များပိုမိုလုပ်ဆောင်နေခြင်းကြောင့် ဖိလစ်ပိုင်က ဒေသတွင်း၌ စစ်အင်အားကို တိုးမြှင့်ခဲ့သည်။

တရုတ်နှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကိစ္စကို တစ်ချိန်လုံး စဉ်းစားနေရကြောင်း မားကို့စ်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်၌ ဇန်နဝါရီ ၁၉ ရက်က ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ကြောင်း Hong Kong Post  သတင်းတွင် ဖော်ပြထားသည်။

အငြင်းပွားမှုအတွက် အလုံးစုံအပြစ်တင်ထိုက်သူမှာ တောင်တရုတ်ပင်လယ်ပြင်တွင် လက်ဝါးကြီးအုပ်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် တရုတ်ဖြစ်သည်ဟု Hong Kong Post ကဖော်ပြခဲ့သည်။
“ကျွန်တော်တို့က တရုတ်နဲ့ အပြိုင်တောင်းဆိုပြီး ပဋိပက္ခဖြစ်နေတာမဟုတ်ပါဘူး။ တရုတ်က ကျွန်တော်တို့ ပိုက်နက်ကို တောင်းဆိုနေတာပါ” ဟု သမ္မတ မားကို့စ်က ပြောကြားခဲ့သည်။

တရုတ်က ပိုင်နက်နယ်မြေတစ်ခုလုံးပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် အငြင်းပွားရေပိုင်နက်တွင် အရှိန်မြှင့်လာသော ရန်လိုမှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်က သံတမန်ရေးစိုးရိမ်မှုများကို တင်ပြခဲ့သည်။ 

ဖိလစ်ပိုင်ရေပိုင်နက်အတွင်းသို့ တရုတ်ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် တရုတ် သို့ ကန့်ကွက်စာ ၂၀ဝ နီးပါးပေးပို့ခဲ့သည်။ ယင်းတို့အနက် ၆၅ စောင်မှာ ၂၀၂၂ ခုနှစ် ဇွန်လတွင် သမ္မတမားကို့စ် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း Hong Kong Post  သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထိုင်ဝမ်ကမ်းရိုးတန်းအနီး တရုတ်၏ ဆိုးရွားလာသော စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်၏ လက်ရှိအနေအထားကို ပြောင်းလဲခြင်းမပြုရန် တရုတ်အား သတိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly