မဲ‌ဆောက် ကုလသမဂ္ဂရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာများဆန္ဒပြ

By မောင်ခက်နွေ(မဇ္ဈိမ)
13 February 2023
မဲ‌ဆောက် ကုလသမဂ္ဂရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာများဆန္ဒပြ

ထိုင်း-မြန်မာနယ်စပ် ၊ မဲ‌ဆောက်မြို့ရှိ ကုလသမဂ္ဂရုံး(UNHCR)ရှေ့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက Maesot Refugee Voice အဖွဲ့က ဦးဆောင်၍ ဆန္ဒပြခဲ့ကြသည်။ 

မြန်မာဒုက္ခသည်များကို အသိအမှတ်ပြုရန်နှင့် လက်ခံပေးရန် “ကုလအနေနဲ့ မြန်မာဒုက္ခသည်တွေ အကူ အညီတွေမြန်မြန်ပေးအပ်ဖို့” ၊ “ယူကရိန်းနိုင်ငံလို အကူအညီတွေပေးဖို့” စသည့် စာသားများကိုင်ဆောင် ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် မဲ‌ဆောက် ရောက်မြန်မာဒုက္ခသည်များကို စာနာရန်အဆိုပါအဖွဲ့က ‌တောင်းဆိုခဲ့ကြသေးသည်။ 

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required