အာဆင်နယ်ကို ယခုအဆင့်ရောက်အောင် မည်သည့်အကူအညီမှ မပါဘဲ တည်ဆောက်ခဲ့ရခြင်းဟု အာစင်ဝင်းဂါး ဆို

အာဆင်နယ်ကို ယခုအဆင့်ရောက်အောင် မည်သည့်အကူအညီမှ မပါဘဲ တည်ဆောက်ခဲ့ရခြင်းဟု အာစင်ဝင်းဂါး ဆို

မတ် ၁၆၊ လန်ဒန် ။           ။ အာဆင်နယ်အသင်းကို ယခုအဆင့်အတန်းမျိုးရောက်အောင် မည်သည့်အကူအညီ၊ မည်သည့်ငွေကြေးထောက်ပံ့မှုမှ မပါဘဲ ၎င်း၏ ဦးဆောင်ကြိုးစားမှုဖြင့်သာ   ရှေ့ဆက်ခဲ့ခြင်းဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

ယခုအချိန်တွင် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့်သုံးနေရာရောက်ရှိနေခြင်း၊ အက်ဖ်အေဖလားမှ ထွက်ခဲ့ရခြင်းနှင့် ချန်ပီယံလိဂ်မှ ထွက်ခွာရရန် နီးစပ်နေခြင်းတို့ကြောင့် နည်းပြအာစင်ဝင်းဂါးကို အသင်းမှ ထွက်ခွာသွားရန် ပရိသတ်အချို့က တောင်းဆိုလျက်ရှိနေကြသည်။

ထို့ကြောင့် အာစင်ဝင်းဂါးက နှစ် ၂၀ ကြာ အသင်းအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်များကို ထုတ်ဖော်ပြောဆိုလိုက်သည်။

'ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်အားထက်သန်မှုကို သံသယ မဖြစ်မိပါဘူး။ ဘာအကူအညီမှ မပါဝင်ဘဲ ဒီအသင်းကို ကြိုးကြိုးစားစား တည်ဆောက်ခဲ့တာပါ။ ကျွန်တော် ရောက်ရှိစအချိန်က အသင်းနဲ့ အခုအသင်းကို နှိုင်းယှဉ်ကြည့်ပါ။ အများကြီး တိုးတက်လာပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ အကူအညီ မပါခဲ့ပါဘူး။

ဘယ်သူ့ဆီက ငွေကြေးထောက်ပံ့မှုမှလည်း မရှိခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်ရောက်စကအချိန်ထက်တောင် ပိုပြီး စိတ်အားထက်သန်ပြင်းပြနေပါတယ်။ ဒီအသင်း ပိုမိုတိုးတက်ပြီး ရှေ့ဆက်နိုင်ဖို့ တာဝန်ယူမှုနဲ့ ဖိအားတွေ ပိုများလာပါတယ်' ဟု အာစင်ဝင်းဂါးက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly