ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ရက်ပေါင်း (၇၀၀) ပြည့်အဖြစ် ဆက်လက်ချီတက်

By ပါခွီး
09 February 2023
ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ရက်ပေါင်း (၇၀၀) ပြည့်အဖြစ် ဆက်လက်ချီတက်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင့်ရေး ရက်ပေါင်း (၇၀၀) ရက်မြောက် အဖြစ် ဖေဖော်ဝါရီလ ၉ရက် ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီနှင့်အတူ ဒေသတွင်းရှိ သပိတ်အင်အားစုများနှင့် ပူးပေါင်းကာ “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကိုပုံဖော်” ဆိုသည့် စာတမ်းကိုင်စွဲပြီး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ခြင်းဟုဆိုသည်။

ရက်ပေါင်း ၇၀၀ ပြည့်မြောက်သည့် ယနေ့တွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်၊ ဒေါက်တာတေဇာဆန်းနှင့် သရုပ်ဆောင်ချစ်သုဝေတို့မှ ကျေးဇူးတင် ဂုဏ်ပြုစကားများ ပေးပို့ခဲ့ကြကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly