ဒီမိုကရေစီနည်းကျသမ္မတတင်မြှောက်နိုင်ခဲ့သည့် မြန်မာပြည်သူများအတွက် ဂုဏ်ယူကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြော

ဒီမိုကရေစီနည်းကျသမ္မတတင်မြှောက်နိုင်ခဲ့သည့် မြန်မာပြည်သူများအတွက် ဂုဏ်ယူကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြော

မတ်၊ ၁၅ ။          ။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးဒီမိုကရေစီ နည်းကျသမ္မတတစ်ဦးကို ရွေးကောက်တင်မြှောက်နိုင်ခဲ့သည့် မြန်မာပြည်သူများအတွက် ဂုဏ်ယူကြောင်း ပြောကြားလိုက်သည်။

ဒေးဗစ်ကင်မရွန်းသည် သူ၏တရားဝင် တွစ်တာစာမျက်နှာမှတဆင့် ထိုကဲ့သို့ မြန်မာပြည်သူများအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး သူ့အနေဖြင့် ဦးထင်ကျော်နှင့်ရှေ့ဆက် လက်တွဲလုပ်ကိုင်သွားရန်အတွက် ဆန္ဒစောလျက် ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

'' နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးဒီမိုကရေစီနည်းကျ သမ္မတတင်မြှောက်နိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေကို ဂုဏ်ပြုလိုက်ပါတယ်။ ဦးထင်ကျော်နဲ့ ရှေ့ဆက်လက်တွဲလုပ်ကိုင်သွားဖို့အတွက် ဆန္ဒစောနေမိပါတယ် '' ဟု ဒေးဗစ်ကင်မရွန်းက သူ၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly