စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ၂၀၀၈ အခြေခံဥပဒေကိုပြန်ပြန်ကိုးကားနေချိန်မှာ နွေဦးတော်လှန်ရေးအင်အားစုများကလည်း သူ၏ နိုင်ငံရေး Road Map ပေါ်မှာသာလျှောက်လှမ်းနေခြင်းအပေါ် စိုးရိမ်မကင်းဖြစ်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူနှင့် လူ့အခွင့်ရေးရှေ့နေ ဦးအောင်ထူးက မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွားသည်။